သိပါစေ
ချစ်မိတော့လည်း သည်းခံ
မုန်းမေ့ဖို့လည်း မဖြစ်နိုင်
ကဲ……..ဘယ်လိုလုပ်မလဲ
ရင်ခုန်သံတွေ မြန်နေလဲ
ရပ်တန့်ဖို့တော့ မဆိုနဲ့
နှလုံးသားက နုလွန်းတယ်…..
စကားလုံးတွေကို မျက်ရည်နဲ့ပုံဖော်
အနမ်းတွေနဲ့ အရောင်ခြယ်
အချစ်ဆိုတဲ့ စက္ကူပေါ်မှာ
ဘဝတူပုံတူ ရေးခဲ့ပြီးပြီလေ………
ပေးထားဖူးတဲ့ အနမ်းတွေ
သိမ်းထားဆဲပါ….
မပြောဖြစ်တဲ့ စကားတွေလည်း
ကျန်ရစ်နေဆဲပါ…
ဘယ်လူကြုံပေးရမှန်းမသိတဲ့ အလွမ်းတွေကိုလည်း
မင်းအတွက် သိမ်းထားဆဲပါ….
မျက်စိထဲက ပြေးမထွက်တဲ့
မင်းရဲ့ မျက်နှာ
ငါ ဘယ်လိုမေ့လို့ရမှာလဲကွာ….
ငါ့နှလုံးသား သော့ဟာ
မင်းတစ်ယောက်တည်းမှာပဲရှိတယ်ဆိုတာ ယုံထားပါ…
ဘယ်လို professional မှ
ဖွင့်လို့မရတဲ့ သော့ဟာ
မင်းတစ်ယောက်တည်း ဖွင့်မှရမှာပါကွာ……
ပျော်ခဲ့ဖူးတဲ့အချိန်တွေကိုလည်း
ပြန်မြင်ယောင်ဆဲ
နောက်ထပ်လိုချင်တာလည်း ထပ်ခါပဲ
မင်းသိပါမလား ငါစိုးရိမ်ဆဲ
မသိရင်တော့ ပြသနာပဲ
အဲဒီလိုကြီးတော့ မလုပ်ပါနဲ့………
သံစဉ်များတဲ့ ဂီတမှာ
မင်းအတွက် ရင်ထဲက
သံစဉ်စစ်ကို နားစဉ်ပါ သဲရယ်………..
အချိန်ပြည့် ခုန်နေတဲ့ နှလုံးသား
မင်းနဲ့တွေ့ရင်အဖြစ်များ
အဲဒါ ဘာသဘောလဲ….
အချစ်မခေပေမဲ့
တစ်သက်တာ ချစ်သွားရင် မကောင်းဘူးလား………
မင်းလေးသိပါစေလို့ ဆုတောင်းရင်း
စိုး…………….
Comment #3
ti twar p naw.
he,,he,,
Comment #4
ei lay… should write a poem too…i think u love poem so much. 🙂
Comment #5
hote,,he,,he,,
i love poems day by day much more,,
but i know i can’t.
thz so much…lwan nge.
Comment #1
အားပေးသွားပါတယ်.