ရင်ဘတ်တစ်ခုရဲ့  တရားဝင်ကြေငြာချက် (မိုးထက်အောင်)
ရင်ဘတ်တစ်ခုရဲ့  တရားဝင်ကြေငြာချက်
ဘယ်သောင် ဘယ်ကမ်းလဲတော့မသိဘူး
(တိမ်တစ်ကောင်ရဲ့ လမ်း…….)
ခပ်ကြမ်းကြမ်းတိုက်တဲ့ မြောက်ပြန်လေထဲမှာပျောက်ကွယ်
ဆောင်းတစ်ခုရဲ့ လက်သည်းမှာ
ရင်ဘတ်တွေ အလွှားလိုက်ကွာကျပါသွားခဲ့ရတယ်
ကမ္ဘာတည်တစ်ယူသန်အမုန်းမှာ
လူဖြစ်ရှုံးအောင်ကွဲခဲ့ရတဲ့ အသည်း
လောင်မီးကျမျက်ဝန်းတွေအောက်
လက်မြှောက်ခဲ့ရတာ အခါခါ
(ဒီကမ္ဘာမှာ ……….)
ဘယ်လိုအရာတွေလှိုက်စားခဲ့တာလဲ
သီအိုရီအမျိုးမျိုးနဲ့ 
ရိုက်ချိုးခံလိုက်ရတဲ့ အနာဂါတ်
(အရောင်မပါတဲ့မျှော်လင့်ချက်နဲ့ )
ထောင့်ကျဉ်း ထောင့်ကျယ်တွေရဲ့ပြင်ပမှာ
အလိုက်သင့်မျောပါသွားခဲ့တယ်
ကျွန်တော်က အမှတ်လေးတစ်မှတ်
ဘယ်ဆုံချက်ကိုမှမတောင့်တတော့ပါဘူး
ခင်ဗျားရဲ့အတွက်အချက်မှာ
အစက်လေးတစ်စက်ဖြစ်ခွင့်ရရင်ပဲ ကျေနပ်ပြီ
(စိတ်မပူပါနဲ့ ဗျာ…….)
ခင်ဗျားရဲ့ ကမ္ဘာတည်တစ်ယူသန်အမုန်းမှာ
ကျွန်တော်…………………
……………………………………………………
ရှုံးနိမ့်ပါတယ်လို့ ကြေ…..ငြာ…..ပေး……ပါ့……မယ်……….။
မိုးထက်အောင်
Comment #3
hote ke par shin
Comment #4
အိုးးးးးးးgoodတယ်…
အားပေးသွားပါတယ်။
Comment #6
အိလေးပြောတာမှန်တယ်…….မေတ္တာဆိုတာရောင်ပြန်ဟပ်ပါတယ်.
(သီအိုရီအမျိုးမျိုးနဲ့ 
ရိုက်ချိုးခံလိုက်ရတဲ့ အနာဂါတ်
(အရောင်မပါတဲ့မျှော်လင့်ချက်နဲ့ )
ထောင့်ကျဉ်း ထောင့်ကျယ်တွေရဲ့ပြင်ပမှာ
အလိုက်သင့်မျောပါသွားခဲ့တယ်)
Comment #9
ရေးလည်းရေး တတ်လွမ်းပါတယ်ဗျာ..ခင်ဗျားကဗျာလေးအရမ်းကောင်းတယ်
အမြဲအားပေးနေပါတယ်
Comment #10
အားပေးတဲ့သူငယ်ချင်းအားလုံး ကျေးဇူးတင်ပါတယ်ဗျာ
Comment #13
ကဗျာဆိုတာ ကြေငြာစရာတစ်ခုမဟုတ်ဘူးညီရဲ့ 
အစ်ကို့ အတွက်ဝမ်းနည်းရတယ်ဆိုတဲ့အတွက် တောင်းပန်ပါတယ်ကွာ
ဆက်ကြိုးစားနော်….အစ်ကိုမင်းကိုကဗျာသမားတစ်ယောက်အဖြစ်မြင်ချင်တယ်။
ဒါကကိုယ့်ဆန္ဒပါ……။
Comment #14
အားနည်းတဲ့ဘက်ကရပ်တည်တယ်ဆိုတာ ယောကျာင်္းကောင်းတွေရဲ့ အလုပ်ပါ
ဒါပေမယ့် ကိုယ်ရပ်တည်တဲ့ဖက်ကမှန်ဖို့ တော့လိုတယ်ဆိုတာတော့မမေ့ နဲ့ ညီလေး.။
Comment #15
မိုးထက်အောင်……
စာရေးဆရာ ကဗျာဆရာတွေကိုလေးစားမိတဲ့အထဲမှာ တစ်ယောက်တိုးသွားပြီဗျာ..
အကို….ကဗျာမှာ တော်တော်တော်တယ်….
တော်တော့ကို တော်ပါတယ်….
Comment #1
sate ma pu par ne shin,,
tont pyan hmu tine hmar tu nyi de tan pyan hmu shi par de.