မှတ်ဥာဏ်ဆိုတာ နာကျင်ခြင်းရဲ့  အရင်းအမြစ်
မှုန်ပြပြ ဆောင်းတစ်ညကို
သတိရတယ် …
မနက်ဖြန်ဟာ ပွင့်လင်းရာသီရဲ့ 
ပထမဆုံး နေ့  များလား ….
နင်ချမ်းအေးမနေဘူးဆိုတာ သက်သေပြစရာမလိုအောင်
ငါ့မှာ .. သိ .. ရ .. တယ် …. ။
ငါတို့  ဖြတ်ကျော်ခဲ့ကြတဲ့ နွေ ၊ မိုး ၊ ဆောင်း
ငါတို့  ပြန်မရတော့တဲ့ နေ့ စွဲများ
ပျော့ညံ့ညံ့ နင့်မင်းသားခမျာ နှုတ်ခမ်းကို ကိုက်လို့ 
ခေါင်းငိုက် စိုက်ရတယ် …
ငါတို့  ထိုင်ခဲ့ကြတဲ့ အအေးဆိုင်
ငါ့တို့  သွားခဲ့ကြတဲ့ ဘုရားပုထိုးများ
ငါ့တို့ ရဲ့ စကားဟာ
ငါတို့ ရဲ့  နှလုံးသား ဖြစ်ခဲ့ကြပေမယ့် …. ၊
ငါ့အခန်း နံရံ ပေါ်က နင့်လက်ရေးဟာ
ငါတို့ အတွက် နောက်ဆုံးအမှတ်တရ
ငါသတိရတိုင်း ထုတ်ထုတ်ကြည့်မိတဲ့
နင့်ရဲ့  အင်္ကျီလေး ….
ငါတို့  တနွမ်းတလျ ဝေးခဲ့ကြတယ် …
ငါတို့  … တနွမ်းတလျ ဝေးခဲ့ကြတယ် …
ငါတို့  … တနွမ်းတလျ ဝေး … ခဲ့ကြတယ် …
အချစ်ရယ် …………. ။ ။
Comment #2
ဟားးးးးးးးးးးးးးးးးးးးးးး
အရမ်းကြိုက်တယ်
တကယ်ပါဗျာ
Comment #3
nay ma kaung par bu so hma d lwan sa yar kaung lun p kyay kwe ya de poem ko phat mi de,,
sate nyit loh ngo chin nay par de so hma pe,,,,,
ma ya dot bu,,,ngo like p,
d lout kway aung yae naing dar lae sar par de,
Comment #5
he,,he,,sorry,
a hman tine pe pyaw tat loh,,
ei lay ye sa kar kyaunt dot wan ma ne par ne naw.
ei lay kyaunt be thu hma sate doke kha ma yout say ya bu,,
Comment #1
အားပေးပါတယ်….။