သုခုမ မေတ္တာမဲ့ လွင်ပြင်
အထုထောင်းခံလိုက်ရတဲ့ မှတ်ဥာဏ်တွေဟာ
အမှတ်အသားတွေနဲ့ ဒဏ်တက်ခံလိုက်ရလို့
မှတ်ချက်တခုရဲ့ နောက်ကွယ်မှာ
အစွန်းမရောက်တဲ့ မေတ္တာတွေနဲ့
ငါ… သူ့ကို နှုတ်ခွန်းဆက်သခဲ့တယ်…။
မကျရှုံးသေးတဲ့ ပန်းတိုင်တခုအတွက်
ရင်ထဲက ဂရန်တွေကို ရေးချခဲ့
အမှတ်မရှိတဲ့ သတ်မှတ်ချက်အတွက်
မနေ့က ငါ့ မြေပြင်လွှာမှာ
မှတ်တိုင်တခုဖြစ်ခဲ့လို့ စာတန်းရေးထိုးခဲ့တယ်…။
ခွင့်လွတ်ခဲ့မိတယ် စာနာမိခဲ့တယ်
အိပ်မက်တွေ ပေးခဲ့မိတယ်
မလွန်ဆန်နိုင်တဲ့ နှောင်ကြိုးတခုနဲ့
ကာရံတွေကို ရေးချမိခဲ့တယ်
သေလွန်သွားတဲ့ ဝေဒနာတွေကို
အသုံးချ ဘဝအဘိဓမ္မာတစ်ပုဒ်နဲ့
ရင်နှီးပေးဆပ် နှလုံးသားအပ်နှင်းရင်း
အပြစ်ကင်းစင်တဲ့ ကလေးတယောက်ရဲ့
နှလုံးသားက မေတ္တာတွေနဲ့
အဖြူရောင်သက်သက် သစ္စာတွေကို
ခရောင်းလမ်းမှာ မပြောင်းစတမ်း
မေတ္တာတွေ ထားရစ်ခဲ့တယ်..လေ….။
ဝေဒနာတွေကို မခင်းကျင်းခဲ့ဘူး
ဒဏ်ရာတွေကို မကုစားခဲ့ဘူး
မူဝါဒလမ်းစဉ်ရဲ့ နောက်ကွယ်က
ချည်နှောင်ခံလိုက်ရတဲ့ သံယောဇဉ်က
သောကရင်ခွင်မှာ ခုတ်မောင်းလို့
မေတ္တာကြယ်စင်တွေလည်း အထီးကျန်မှတ်တမ်းတွေမှာ
ချို့တဲ့စွာနဲ့ နေရာလစ်ဟာနေခဲ့ပြီ….။
တက္ကသိုလ်မြတ်မင်း
http://www.myatminnpoem.blogspot.com
Comment #1
ကိုမြတ်မင်းကဗျာတွေကတော့ ‘ရှယ်’ ပါဘဲ။