ကယောင်ကတမ်းကဗျာ
ခံစားချက်တွေ ကရူးမူးထိုးနဲ့
တိုးထွက်လာတဲ့အခါ
စကားလုံးတိုင်းက အလျဉ်မမီဘူး
ရေးချင်တယ်ဆိုပြီး ရေးမိရေးရာချရေးတဲ့အခါ
ကဗျာမမည်သော ကပျာကယာစကားတွဲတွေပဲဖြစ်လာတယ်
နင့်အကြောင်းတွေးပြီး ရေးတဲ့စာ
နင့်အကြောင်းတွေပါမလာပြန်ဘူး
ဖုန်းသံကြားတိုင်း ရင်စူးစူးအောင့်တယ်
မျှော်လင့်ချက်မထားရင် အတော်ရင့်ကျက်သွားမယ်လို့
ကြား … ဖူး … တယ်
ရှေ့ကလဲမပြေးနဲ့ နောက်ကလဲမလိုက်နဲ့
ငါ့နံရိုးကဖြစ်တဲ့နင် ငါ့နံဘေးမှာနေပါ
အတိတ်ကမြူတွေကြား နင်ပြောဖူးသောစကား
ကြား .. ယောင်
ငါ ကယောင်ကတမ်းဖျားပါလေရော ..
နှင်းတွေ နဲ့ နင့်ကိုခွဲမမြင်နိုင်သေးတာလဲ
ငါ့ သေရာပါမယ့်အမာရွတ်ပဲ
ငါ့ကိုလွမ်းတိုင်း ငါ့ကိုစိတ်ကောက်တတ်တာလဲ
နင့်ရဲ့ သေရာပါမယ့်အမာရွတ်ပဲ
နင်စိတ်ကောက်တိုင်း ငါကဗျာရေးမိတာလဲ
ငါ့ရဲ့ သေရာပါမယ့်အမာရွတ်ပဲ
လောလောဆယ် အခါးတွေများနေတာ
နောင်တစ်ချိန် နူးညံ့ချိုမြိန်ဖို့ဖြစ်ပါစေသားးး။
Comment #2
he,,he,,
hman like tar,,
ei lay ne kwat ti pe.

Comment #3
နင့်အကြောင်းတွေးပြီး ရေးတဲ့စာ
နင့်အကြောင်းတွေပါမလာပြန်ဘူး
ဖုန်းသံကြားတိုင်း ရင်စူးစူးအောင့်တယ်
မျှော်လင့်ချက်မထားရင် အတော်ရင့်ကျက်သွားမယ်လို့
ကြား … ဖူး … တယ်
ရှေ့ကလဲမပြေးနဲ့ နောက်ကလဲမလိုက်နဲ့
ငါ့နံရိုးကဖြစ်တဲ့နင် ငါ့နံဘေးမှာနေပါ
အတိတ်ကမြူတွေကြား နင်ပြောဖူးသောစကား
ကြား .. ယောင်
ငါ ကယောင်ကတမ်းဖျားပါလေရော ..
နှင်းတွေ နဲ့ နင့်ကိုခွဲမမြင်နိုင်သေးတာလဲ
ငါ့ သေရာပါမယ့်အမာရွတ်ပဲ
အခါခါဖတ်မိပေမယ့်  အခု မှ မန့် ခဲ့ တယ်
ထိရှ စွာ … ပေါ့

Comment #4
lwan de so sate kaout,,,
1 yout de kyate ngo,,,,
e de a kyint g ka tay yar par phyit nay ta lo be,,
😛

Comment #1
ကြိုက်တယ်ဗျာ
တကယ်ကို ဂယောင်ဂတန်းပါပဲ
အားပေးနေပါတယ်