အနမ်းတို့ကြွေမြဲ အလွမ်းတို့ဝေဆဲ
စိတ်ကူးလွန် အိပ်မက်တွေကြောင့်
တရေးနိုးဖို့ အတွက် ဖန်ဆင်းတတ်လာ..၊
လွင့်မျောနေတိုင်းလည်း တိမ်မဟုတ်တဲ့ဘဝ၊
တည်ချက်မဲ့တဲ့ အနာဂတ်ကောင်းကင်မှာ
မျှော်လင့်ချက် တစ်ချို့
လေနှင်ရာပဲ လွင့်နေပါတယ်…..။
တိတ်တဆိတ်ဆွဲတဲ့ အလွမ်းသင့်ပန်းချီ
ဘယ်ရာစုနှစ်တွေအထိ ရှင်သန်နေမှာလဲ…၊
မဝံမရဲ့နဲ့ အားယူပြီးကြည့်ပေမယ့်
ဖရိုဖရဲ ပြကွက်တွေကြောင့်
တမင်သက်သက်ပဲ မျက်စေ့မှောက်ခဲ့တယ်…၊
အသည်းကွဲဇာတ်တွေကလည်း ကလို့ကောင်းတုန်း….။ ။
ဇော်သက်ဦး
Comment #2
nice poem
By: ei lay at Jan 31, 2012
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
အားပေးသွားတယ်နော်