အသိတရား…
ဘယ်သူမဆို ဝင်သာနားလေတဲ့
ဟို…အနားက သစ်ပင်
တယိမ်းယိမ်း မြင်…
နှုးညံတဲ့ ပုံသဏ္ဍာန်
ပျော်စရာ ငှက်ကြူးလေးတို့
တအူအူ အော်မြည်ကြတယ်
လွမ်းဆွတ်ဖို့လေး………
အပူကင်း စိတ်အတွင်းသို့
စိတ်ချမ်းသာရတဲ့ ထိုသစ်ပင်
ပြုံးပန်းကိုဆင် သူလိုလူ
ဘယ်သူရှိပ မေးလိုက်ချင်သေး……..
တောင်လေတိုက်ရင် တောင်ကိုယိမ်းလို့
ဆိုတေးတဲ့ သူ့သီချင်းသံ
ပလွေသံ မြူးလှတယ်
တေးဆိုလို့ မေး……….
အချိန်မှီ ဖွင့်ဖူးကြတယ်
လေဟင်မှာ သူဝင်စားလို့
ပျား၊ပတုံးတွေ ဝေဟင်ထဲမှာ
ပျော်တော်ရှာ ဆော့ကစားလေပေါ့
မြူးကြတယ်လေး………
ပန်းတွေလည်း ဝေဆာဆာ
ပျိုချောသူ ပန်ကာဆင်လို
ကိုလူပျို နောက်ပိုးရအောင်
ချစ်ကြချင်သေး………
သစ်သီးတွေ မှည့်တော့
ပျော်မြူးရာ ကျေးငှက်ငယ်တို့
လေဟင် ပြန်ကာတက်တယ်
ထူးပျော်လှသေး………
အပင်အို သီးကာပွင့်ကာနဲ့
ဟို…လူတွေ စာနာကြဖို့
စောင့်ရှောက်ဖို့လေး…….
စာနာစိတ်တွေ ရှိနိုင်ကြပါစေလို့ ဆုတောင်းလျက်
စိုး………….