ဒုတိယ နိဗ္ဗာန်ဘုံ – စွမ်းသူရဇော်
-နေ့ မရှိဘူး
ည မရှိဘူး
နေနဲ့ လထက်
ထာဝရအလင်းကို ပေးနိုင်တယ်…။
-ရာသီ မရှိဘူး
ရာသီ မညှိဘူး
အချိန်တိုင်းမှာ ပွင့်
ပွင့်သမျှလည်း မကြွေ
ပန်းတိုင်းထက် ရနံ့ဝေတယ်…။
-လှိုင်း မထန်ဘူး
ရေ မကြီးဘူး
နှလုံးသားက မြစ်ဖျားခံ
သံသရာထဲ စီးဝင်မယ့် မြစ်
အကြည်လင်ဆုံးရေကို ဖြစ်စေတယ်…။
-သေပြီးမှ မွှေးတဲ့ ကရမက်အပင် မဟုတ်
တစ်ခါပွင့်ပြီးလျှင် သေတဲ့ ဝါး မဟုတ်
ဒုက္ခအပူတို့ကို စုပ်မျိုပေးတဲ့ အရိပ်
ကျွန်တော်တို့ရဲ့ ဒုတိယ နိဗ္ဗာန်ဘုံ
လုံခြုံမှု ငြိမ်းချမ်းမှုကို ပေးဝေ….၊
အမေ…………..
အဖေ…………..
ကျွန်တော်တို့ရဲ့ အမေ……။
ကျွန်တော်တို့ရဲ့ အဖေ……။ ။။
စွမ်းသူရဇော်
Post By – အရိပ်ကလေး
Comment #3
good…..အားပေးသွားပါတယ်။
By: poem.poem28 at Feb 1, 2012
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
great