ဆန္ဒမပါတဲ့ ဧည့်ခံပွဲတစ်ခုမှ အပြန်
ကြယ်ကြွေညတစ်ခုရဲ့ အစဦးဆုံးအပိုဒ်
နားလည်မှုလွဲတဲ့ စရိုက်တွေနဲ့ အစာသွတ်ထားတယ်၊
ရေးညွှန်းဖွဲ့သီခြင်း မဟုတ်တဲ့စကားလုံးတွေ
မကြားချင်ပေမယ့် နားဆင်ပေးလိုက်ပါသေးတယ်။။။
ဆိုလိုရင်းတွေ ကျပျောက်ကုန်တာနဲ့ပဲ
အလင်းမရှိတဲ့ ဝင်ရိုးစွန်းကို ရောက်ရတယ်၊
တကယ်တော့ မေတ္တာတရားဆိုတာ
ဆန္ဒမပါတဲ့ ဒဏ်ရာအတွက်
ကိုယ့်အတ္တ ကိုယ်တူးရုံလောက်ပဲ နက်ခဲ့တာပါ..။။။
တံခါးခေါက်တိုင်း ထွက်မကြည့်ခဲ့ပါဘူး
ရင်ဘတ်အရူးမို့ အထူးတလည် မိတ်ဆက်
ကျွန်တော့်မျက်လုံးတွေ စကားမပြောတတ်ဘူး။။။
နေ့ကောင်းရက်သားရွေးပြီး တောင်းပန်ချင်တာပါ
(ဒါပေမယ့်)
ဟော့ဒီ့ကောင်ရဲ့ ကောင်းကင်မှာ မိုးညိုနေတာကများတယ်..၊
ဈေးပေါလွန်းတဲ့ အတွေးအဟောင်းတွေနဲ့ ကျောခင်း
(ကျွန်တော်ဆိုတဲ့ကောင်)
မျဉ်းပြိုင်နှစ်ကြောင်းကြားက ဆုံမှတ်ကို မရမကရှာခဲ့ဖူးတယ်။။။
အမှန်တရားဆိုတဲ့ နတ်သမီးတစ်ပါး
အားငယ်သူအတွက်ဆို ဘယ်တော့မှပေါ်မလာပါဘူး..၊
သံယောဇဉ်သင်္ဘောမှောက်တဲ့ မြစ်ပြင်ကျယ်ဟာ
(တကယ်တော့)
ကျွန်တော်တို့ မမြင်နိုင်လောက်အောင်သေးတယ်..။။။
ဒွိနဲ့ ဟနဲ့ တစ်ဖက်စီဆွဲ
ဟောဒီ့ အသဲကွဲလူကြမ်း ခရီးဆုံးပြီ…။။။ ။။။ ။။။
ဇော်သက်ဦး
Comment #2
mike de kwar,,
Comment #3
ခံစားအားပေးသွားပါတယ်ဗျာ
ခံစားအားပေးသွားပါတယ်ဗျာ
ခံစားအားပေးသွားပါတယ်ဗျာ
Comment #4
ကောင်းလိုက်တာ ဗျာ ….
Comment #8
တကယ်တော့ မေတ္တာတရားဆိုတာ
ဆန္ဒမပါတဲ့ ဒဏ်ရာအတွက်
ကိုယ့်အတ္တ ကိုယ်တူးရုံလောက်ပဲ နက်ခဲ့တာပါ..။။။
Comment #1
သြော်……
ခံစားအားပေးသွားပါတယ်ဗျာ