ဒိထက်ပိုပြီး မဝေးတော့ဘူး…..
ရာသီဥတုဖောက်ပြန်နေချိန်
မျက်ရည်တိတ်လို့မှမကြာသေး…
အလွမ်းတွေ တဖွဲဖွဲရွာတယ်…
သစ္စာတရားကိုငါယုံကြည်တယ်…
ဒီမုန်တိုင်းဘယ်လောက်ကြမ်းကြမ်း
ငါ့..အချစ်တွေ
ဘယ်တော့မှ ရေမလွှမ်းဘူး…..
စစ်ပွဲတွေဖြစ်ပွားနေချိန်…
မာနတရား ကျဆုံးလို့မှမကြာသေး…
ငါ့အတ္တတွေဒဏ်ရာရပြန်တယ်….
အမှန်တရားကို ငါယုံကြည်တယ်…
ဒီစစ်ပွဲဘယ်လောက်ပြင်းထန်….
ငါ့..အချစ်တွေ
ဘယ်တော့မှ ပြာမကျဘူး…..
နှလုံးသားနဲ့ နာခံပါ…
ဘယ်လောက် ဆိုးရွားတဲ့
တိုက်ခိုက်မှုမျိုးဖြစ်ဖြစ်…
ဘယ်လိုခက်ထန်တဲ့ ကံတရားကြောင့်ပဲဖြစ်ဖြစ်…
ငါ့..လက်ကိုမြဲမြဲတွဲထား….
လျှောက်ရမယ့်လမ်းကြမ်းပေမယ့်…
ရင်ထဲကယုံကြည်နေပါ….
ပေါင်းစပ်ထားတဲ့ ငါတို့သစ္စာ
ထာဝရတည်မယ်ဆိုရင်….
တနေ့နေ့တော့ ဆုံစည်းကြမှာပါ…………..
P.S.အဝေးကနေလွမ်းနေရတဲ့ ချစ်သူသိဖို့……………
နှလုံးသားကပေါက်ဖွားလာတဲ့……..
အမှန်တရားများ………………
Comment #2
ဒီထက်မဝေးပါစေနဲ့..ဗျာ
ဆုတောင်းပေးသွားပါတယ်။
Comment #4
read again
Comment #1
he,,he,,
kwat ti pe,,
ei lay ne tu nay p