ဖျော်စရာ (မင်းသုဝဏ်)
“တမဲမဲလျှင်
ဝေဘဲ ဝေနိုင်ဘိတော့သည်။
တဖွဲဖွဲလျှင်
စွေဘဲ စွေနိုင်ဘိတော့သည်။
သို့လျှင်တွေး၍
စိတ်လေး ပူဆာ၊ ညှိုးလျခါ၌
သည်းချာရင်သွေး၊ သမီးထွေးနှင့်
လူလေးညီကို၊ ခန်းရိပ်ညိုမှ
ကြည်ချိုစိတ်ဝမ်း၊ ပြုံးရယ်လန်းသော်
နေ၀န်းပေါ်သို့ လင်းသတည်း။”
မင်းသုဝဏ်
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
သည်းချာရင်သွေး၊ သမီးထွေးနှင့်
လူလေးညီကို၊ ခန်းရိပ်ညိုမှ
ကြည်ချိုစိတ်ဝမ်း၊ ပြုံးရယ်လန်းသော်
နေ၀န်းပေါ်သို့ လင်းသတည်း။