နင် မသိတဲ့ ကဗျာ..
ဘယ်တုန်းကမှ ..
အတူမသောက်ဖူးတဲ့ ကော်ဖီ တစ်ခွက်
ရှေ့မှာ ချထားတယ်..
နာကျင်မှုနဲ့ နားလည်မှုကို
တိတ်တိတ်လေး အချိုးချရင်းပေါ့ကွယ်..
ဘာတွေက အလေးသာလဲတော့ ငါမသိချင်ခဲ့ဘူး..
တခုပဲ
ဘာ့ကြောင့်ဖြစ်ဖြစ်..
နင် ပျော်ရွှင်နေပါ..
အိမ်မက် တခုလောက်ကို
ငါ အသက်သွင်းဖို့ မကြိုးစားခဲ့ဘူး..
ဒါပေမဲ့..
မြူမှုန်တခုလို ပျောက်ကွယ် မသွားစေချင်ခဲ့တာတော့ အမှန်..
ကဲ..
ဟားတိုက်လို့သာ ရယ်ချင်လဲ ရယ်လိုက်ပါတော့..
မရိုးသားမှုနှစ်ခု လောင်းကြေးထပ်တဲ့ပွဲမှာ..
အစစ်မှန် တစ်ခုပါသွားတယ်ဆိုရင်တောင်..
ဘယ်သူ စာနာတတ်မတဲ့လဲ..
ထပ်ပဲ ပြောပါရစေဦး..
တခုတည်း ပါ ပဲ..
ဘာ့ကြောင့်ဖြစ်ဖြစ်..
နင် ပျော်ရွှင်နေပါ..
—
Crazy Poet
Comment #2
အားပေးသွားတယ်ဗျို့

Comment #3
ကဗျာကောင်းလေးပဲဗျာ..
ခံစားသွားပါတယ်။

Comment #4
so nice.
with lots of love.
good luck

Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
ဟားတိုက်လို့သာ ရယ်ချင်လဲ ရယ်လိုက်ပါတော့..
မရိုးသားမှုနှစ်ခု လောင်းကြေးထပ်တဲ့ပွဲမှာ..
အစစ်မှန် တစ်ခုပါသွားတယ်ဆိုရင်တောင်..
ဘယ်သူ စာနာတတ်မတဲ့လဲ..