နတ်သမီးနှလုံးသားဖြင့် ဖန်ဆင်းအပ်သော (သို့) နိုးထသော သူငယ်ချင်းများသို့
အညောင်းမိနေတဲ့
ကျဆိမ့် ခွက်ထဲက
ဇာတ်ကောင် တချို့
ခုန်ထွက် . . .
ငါ ပွေ့ဖက်တော့
သမိုင်းကြောင်းက ခါးတယ် . . .
မြစ်တစင်းလို
အနည်တွေ အန်ချရမဲ့
သတ်မှတ် ဧရိယာ
ငါ တို့. . .
ရောက်မရောက်
(တစ်ချို့  က)
လင်းနို့တွေလို
အသံလှိုင်းနဲ့
သက်သေထူလို့ ပေါ့ . . .
မျှော် . .ရင်း . .
ငေး . . ရင်း. . .
ဝေးခဲ့တာ ကြာသလို
ပြေးသူ့ကျော တွေလဲ မာ
ဆွေးသူ့ရင်တွေလဲ နာလှပေါ့
ပုံပန်းမကျ
ခြေရာခွက်တွေထဲ
ကြုံသလိုလောင်ကျွမ်းခဲ့တဲ့
ဆေးပေါ့လိပ်တို တွေ
အစီအရီရီ . . .
ဤ ခရီး မနီးခဲ့ပေမယ့်
ဇီဝဇိုးတွေရဲ့
ရင်ကွဲနာကျခန်း တွေရင်းလို့
ခုတော့
ငါ့ (တို့) ကမ္ဘာအတွက်
နတ်သမီး နှလုံးသားနဲ့
ဖန်ဆင်းတဲ့
အနမ်းတပွင့်က
သူမ ရဲ့ နှုတ်ခမ်းဖျားမှာ
တွဲရရွဲ ခိုလို့ . . .
Comment #2
အားပေးသွားပါတယ်…
တကယ့်ကဗျာကောင်းလေးပဲဗျာ
အဲ…ဘာကိုပြောချင်တာလဲဆိုတာကိုတော့
အကြာကြီးစဉ်းစားလိုက်ရတယ်…
ကိုယ့်ကိုကိုယ်တော့ တစ်ခုခုကို သဘောပေါက်သွားသလိုပါပဲ
အားပေးသွားပါတယ်
Comment #3
ကောင်းပါတယ်ဗျာ….
Comment #6
အားပေးတဲ့သူငယ်ချင်းများကို အထူး ကျေးဇူးတင်ပါတယ်ဗျာ
နိုးထသော သူငယ်ချင်းများ အဖြစ်လဲ ဂုဏ်ယူပါတယ်
လူငယ်တစ်ယောက်ရဲ့
ဘဝ
ခံစားချက်
ယုံကြည်ချက်နဲ့
မျှော်လင့်ချက် ပါးပါးလေးပါ
ကျေးဇူးတင်ပါတယ်
ပျော်ရွှင်ပါစေ . . .
Comment #7
ပုံပန်းမကျ
ခြေရာခွက်တွေထဲ
ကြုံသလိုလောင်ကျွမ်းခဲ့တဲ့
ဆေးပေါ့လိပ်တို တွေ
အစီအရီရီ . . .
အားပေးနေပါတယ်
Comment #1
မြစ်တစင်းလို
အနည်တွေ အန်ချရမဲ့
သတ်မှတ် ဧရိယာ
ငါ တို့. . .
ရောက်မရောက်
(တစ်ချို့  က)
လင်းနို့တွေလို
အသံလှိုင်းနဲ့
သက်သေထူလို့ ပေါ့ . . .