နောက်ဆုံးအခန်း-ရွှေကြယ်မိုး
/* Style Definitions */
table.MsoNormalTable
{mso-style-name:”Table Normal”;
mso-tstyle-rowband-size:0;
mso-tstyle-colband-size:0;
mso-style-noshow:yes;
mso-style-priority:99;
mso-style-qformat:yes;
mso-style-parent:””;
mso-padding-alt:0in 5.4pt 0in 5.4pt;
mso-para-margin-top:0in;
mso-para-margin-right:0in;
mso-para-margin-bottom:10.0pt;
mso-para-margin-left:0in;
line-height:115%;
mso-pagination:widow-orphan;
font-size:11.0pt;
font-family:”Calibri”,”sans-serif”;
mso-ascii-font-family:Calibri;
mso-ascii-theme-font:minor-latin;
mso-fareast-font-family:”Times New Roman”;
mso-fareast-theme-font:minor-fareast;
mso-hansi-font-family:Calibri;
mso-hansi-theme-font:minor-latin;}
နင်ဟာငါ့ရဲ့ ရှင်သန်ခြင်းဆိုလည်း
မမှားဘူး…
တစ်နေ့နေ့သေဆုံးသွားရမယ်ဆိုတာ
ငါသိတယ်…
နင်ဟာ ငါရဲ့မီးတောက်လေးဆိုလည်း
မမှားဘူး…
အချိန်မရွေး ငြိမ်းသက်သွားရမယ်ဆိုတာ
ငါသိတယ်…
ငါတို့ရဲ့အချိန်ဟာ သိပ်မကျန်တော့ဘူး
အဲ့ဒီ့လောက်…
တိုတောင်းလှတဲ့ ကာလလေးအတွင်းမှာ
လူမသိသူမသိသိုဝှက်ခဲ့ရတဲ့ ဆူးတစ်ချောင်းအကြောင်း
ငါ…မပြောရက်တော့ဘူး…
ပြောလည်း ပြောမထွက်တော့ဘူး…
(ကျန်နေတဲ့အချိန်လေးမှာ…
နာကျင်အောင်သာ ပြုလုပ်တတ်တဲ့
နင့်ရဲ့အသုံးဝင်မှုကိုသာ ထပ်ဖန်တလဲလဲ
ငါ…အသုံးပြုခဲ့တယ်…)
ကျန်နေတဲ့အချိန်လေးမှာ…
ငါဟာနင့်ရဲ့ဆံနွယ်လေးတွေကို
ဝံ့ဝံ့စားစား ငေးမောနေမယ်…
ကျန်နေတဲ့အချိန်လေးမှာ…
ငါဟာစီးကရက်မီးခိုးငွေ့တွေကြားမှာ
နင့်အကြောင်းကို ကဗျာတွေဖွဲ့နေမယ်…
ပြီးတော့…
တငွေ့ငွေ့နဲ့ တိတ်တိတ်ဆိတ်ဆိတ်
အပြန်အလှန်လွမ်းနေကြတဲ့ ငါတို့ရဲ့အလွမ်းတွေကို
နောင်…သက္ကရာဇ်များစွာထိ မပုပ်မသိုးအောင်
ငါ…ဆေးစိမ်ကျပ်စည်းထားမယ်….
ငါတို့တွေ ခေတ်အဆက်ဆက် အသက်တွေကြီးရင့်လာတဲ့အခါ
အလွမ်းပြေ ပြန်ဖြည်ကြည့်ကြဖို့ပေါ့…ကွယ်
နီးလျက်နဲ့ဝေးကွာနေကြတဲ့ ငါတို့ဟာ…
မြစ်တစ်စင်းစီခြားနားနေကြတဲ့ ငါတို့ဟာ…
မှုန်ပျပျကြယ်လရောင်တွေအောက်မှာ
ခိုးကြောင်ခိုးဝှက် ခိုးခိုးလွမ်းကြရင်း…ရောက်လာတော့မယ့်
အဆုံးသတ်နေ့စွဲကို တတိတိနဲ့နာကျင်စွာ စောင့်ဆိုင်းနေကြတယ်…
အဲ့ဒီ့နာကျင်ခြင်းတွေကို ငါမုန်းတယ်…
ခါးသက်တဲ့…အထိအတွေ့တွေလောက်
တိတ်ဆိတ်တဲ့…အထီးကျန်ခြင်းတွေလောက်
နွမ်းလျတဲ့…အားတင်းအပြုံးတွေလောက်
နာကျင်ခံစားရတာ…ဘာရှိဦးမလဲ…
ကျန်နေတဲ့အချိန်လေးမှာ…
ငါဟာ ညကြီးမိုးချုပ် နင်နေတဲ့မြို့လေးဆီ လာခဲ့တယ်
ငါတို့သွားခဲ့ဖူးတဲ့ အဲ့မြို့လေးထဲကနေရာတွေကို…
ညကြီးမိုးချုပ် ငါတစ်ယောက်တည်း လျှောက်သွားလို့ပေါ့
အတူထိုင်ဖူးခဲ့တဲ့စေတီမှာလည်း ဆီမီးလေးတွေကလွဲလို့
နင့်ကိုမျက်မြင်တွေ့ခွင့်မရခဲ့ဘူး…
ကျန်နေတဲ့အချိန်လေးမှာ…
ငါတို့တွေ ပြန်ဆုံစည်းကြချင်သေးတယ်…
ငါ့အိပ်မက်အဆက်ဆက်ရဲ့ မိဘုရားဖြစ်ခဲ့ဖူးတဲ့
နင့်ရဲ့နောက်ဆုံးရုပ်သွင်ကို ငါ့နှလုံးသားမှာ တစ်ဘ၀လုံးစာ ထွင်းထုထားချင်တယ်
ဒါပေမယ့် ကျန်နေတဲ့အချိန်လေးမှာတင် ငါတို့ရဲ့ တွေ့ဆုံခြင်းတွေက
တစ်ခန်းရပ်သွားခဲ့ပြီ…ပဲကွယ်…
ကျန်နေတဲ့အချိန်လေးမှာ….
ကျန်..နေ..တဲ့..အ..ချိန်..လေး..မှာ…..
ငါ…အခါခါလဲကျပွန်းပဲ့နေလို့ပေါ့…ဆူး…ရေ
ရွှေကြယ်မိုး
(၂၀၁၂.ဖေဖ၀ါရီလ.၃ရက်)
(ညနေ ၈ နာရီ ၄၇ မိနစ်)
Comment #2
ငါ့အိပ်မက်အဆက်ဆက်ရဲ့ မိဘုရားဖြစ်ခဲ့ဖူးတဲ့
နင့်ရဲ့နောက်ဆုံးရုပ်သွင်ကို ငါ့နှလုံးသားမှာ တစ်ဘ၀လုံးစာ ထွင်းထုထားချင်တယ်
ဒါပေမယ့် ကျန်နေတဲ့အချိန်လေးမှာတင် ငါတို့ရဲ့ တွေ့ဆုံခြင်းတွေက
တစ်ခန်းရပ်သွားခဲ့ပြီ…ပဲကွယ်…
..အကို good ခံစားအားပေးသွားပါတယ်
Comment #3
ဗျာ…
မမေခက ဒီကဗျာရဲ့ဟိုးတစ်ဖက်ခြမ်းက
ကောင်မလေးနေရာက ၀င်ခံစားပေးသွားတာလားဗျ
ကျေးကျေးပါ မမေခ…ကျေးကျေးပါ
Comment #4
nice poem..
good story,
best style,
excellent creation.
Comment #6
he,,he,,
ei lay le ate loh ya bu,,
Comment #1
သူမသိခဲ့ဘူး…..
ကျွန်မတကယ်ပဲ သူ့ကိုအမြတ်တနိုးချစ်ခဲ့တယ်ဆိုတာကို
သူ………..
တကယ်ကိုမသိခဲ့ပါဘူး…။ ။