မပြီးဆုံးသေးသော ဒီဇင်ဘာ
ဒီဇင်ဘာ ဟာ
နှင်းတွေအစား
အလွမ်းတွေပဲ တဖွဲဖွဲကျ၊
လမ်းတွေ ခုထိ ဝေခွဲ မရသူ တစ်ယောက်ကတော့
အလင်းမဲ့ အခန်းကျဉ်းထဲမှာ
ဒီဇင်ဘာတွေ စိုစို ရွဲရွဲ၊
အလင်းမဲ့ အခန်းကျဉ်းထဲမှာ
ဒီဇင်ဘာတွေ စိုစို ရွဲရွဲ၊
ကမ်းမရှိဘူး ဒီဇင်ဘာ
လမ်းမသိဘူး ဒီဇင်ဘာ
……………………………….
……………………………….
………………………………..
ဖြူဖတ် ဆွံအ ငါ့ခြေ လက် တွေ
အရိုးပေါ် အရေတင် ငါ့ ခွန်အားတွေ
ကမ်း မသိလည်း ကူးခပ်နေဆဲ၊
လွမ်းမောဖွယ်ရာ အတိတ်တွေထဲမှာ .. ငါ
မပြီးဆုံးသေးဘူး
(မပြီးဆုံးနိုင်ဘူး)
အို…… ဒီဇင်ဘာ ။ ။
ဧဏီမင်း
၃၁.၀၁.၂၀၁၁
Comment #2
ကဗျာကအရေးအဖွဲ့ဆန်းတယ်
ဖတ်သွားတယ်ဗျာ ။
By: X - ray at Feb 8, 2012
Comment #3
ta myo lay kaung par de.
By: ei lay at Feb 8, 2012
Comment #5
ဒီဇင်ဘာ ဟာ
နှင်းတွေအစား
အလွမ်းတွေပဲ တဖွဲဖွဲကျ၊
ခံစားမှုကို.ရေးပြထားတာ.goodတယ်ဗျ
အားပေးသွားပါတယ်။
By: poem.poem28 at Feb 8, 2012
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
လမ်းတွေ ခုထိ ဝေခွဲ မရသူ တစ်ယောက်ကတော့
အလင်းမဲ့ အခန်းကျဉ်းထဲမှာ
ဒီဇင်ဘာတွေ စိုစို ရွဲရွဲ၊
ကမ်းမရှိဘူး ဒီဇင်ဘာ
လမ်းမသိဘူး ဒီဇင်ဘာ