ကိုးကွယ်ရာ
ကိုးကွယ်ရာ
ငါ သူတစ်ပါး ယောက်ျား မိန်းမ
ပညတ်တွေ ခဝါချထား
လူသားတွေပဲ မဟုတ်လား
တံဆိပ်တစ်ခုကို ဘယ်လောက်ခံမလဲ
ဆုတ်ကပ်ကြီးမှာ ပျော်စေသော်ဝ်
ဘယ်သူမှ ဒီတောင်ကို မကျော်နိုင်ခဲ့ပါဘူး
ကျွန်တော် ဒီလောကကနေ ထွက်ခွာမယ်
ခင်ဗျားလည်း တနေ့လိုက်လာရမှာ
စာမျက်နှာ ဟိုဘက် ဒီဘက်
သေခြင်းနဲ့ ရှင်သန်ခြင်း စကားနှစ်လုံး
ပြုံးပြုံးလေး ဖတ်နိုင်ဖို့ လိုတယ်
ငရဲနဲ့ နိဗ္ဗာန် …… ဟိုဘဝ ဒီဘဝ
ကဲဗျာ အဲဒါတွေ အသာထားပါဦး
လူဖြစ်တုန်းမှာ လူဖြစ်မရှုံးအောင် ဘာလုပ်မလဲ
ဗုဒ္ဓရဲ့ ဝါဒ ကိုယ့်အားကိုယ်ကိုးမှ ရမတဲ့
အကောင်းနဲ့အဆိုးဆိုတာ မပြောနဲ့
အမှန်နဲ့အမှားကို ခွဲခြားမဲ့ အသိဥာဏ်
နိဗ္ဗာန်ဆိုတာ သုညတ္တအားတစ်ခု
စိတ်နဲ့ကိုယ် ထပ်တူပြုမိဖို့ လိုတာပေါ့
အို …. နာ …. သေ ဘေး ပြေးမလွတ်မှတော့
ခေါင်းမော့နိုင်မဲ့ တရားကို ရှာ
ဒီကမ္ဘာမှာ အားကိုးရာ အစစ်က ကိုယ်တိုင်ပါပဲ
သိဒ္ဓတ္ထလည်း ကိုယ့်အားကိုယ်ကိုး ခဲ့တယ်
သတ္တဝါအများကိုလည်း ဒီလိုပဲ မှာခဲ့တယ်
သူ့စကားက အပိုတွေ မပြော
အတ္တာဟိ အတ္တနော နာထော ……..
ကဲ အဲဒီသဘောကို ဘဝအမော မဖောက်ခင်
ကျွန်တော် ပြင်ဆင်သင့်တာ ပြင်ဆင်ပြီ
ချီရွန် ( ပုလဲ )
Comment #2
ဟုတ်ကဲ့ ကျွန်တော်လည်း လူတိုင်းသွားရမယ့်ခရီးတစ်ခုအတွက် ရိက္ခာတွေစုဆောင်းရဦးမယ်ဗျ
ဒီကဗျာက အသိတွေ သတိတွေ အများကြီးပေးထားတာဘဲဗျ
Captain Chiron အတွေးအခေါ်ကို လေးစားမိပါတယ် ။
Comment #1
yes,,sir