၁၃ ဖေဖော်ဝါရီကို လွမ်းဆွတ်ခြင်း
ပျော်ရွှင်မှုအပြည့် မပေးနိုင်ခဲ့တဲ့
ဘဝနဲ့ လွပ်လပ်တဲ့ မိသားစု အိမ်ထောင်ရေးထဲ
စွန့်လွတ်မှုတွေ ကာရံတံတိုင်းဖွဲ့ရင်း
ခါးသီးတဲ့ မိုးစက်တွေကို
ရင်ဆိုင်တိုက်ခိုက်လို့ အဆင်မပြေတဲ့
လောကဓံစက်ဝိုင်းထဲ နားလည်မှုတွေ
ကိုယ်စီကိုယ်စီ ပေးခဲ့တဲ့ သူ့ဇနီးအတွက်
တဖတ်က မေတ္တာဖြင့် ပေးဆပ်
တဖတ်က စစ်အတွက် တိုက်ခိုက်
ဇာတိမာန်ထက်လှတဲ့ သူ့အတွက်
တစ်မိုးအောက်မှာ ထစ်ချုန်းမိုးတွေ ရွာသွန်းလို့
လောကဓံဒဏ်ရာဒဏ်ချက်တွေနဲ့ လဲပြိုခဲ့လည်း
မစွန့်သော ရဲစွမ်းသတ္တိတို့နဲ့ ခွန်အားတွေတို့က
အများအတွက် ကိုယ်ကျိုးစွန့်လို့
၁၃ ဖေဖော်ဝါရီမှာ အမိနိုင်ငံအတွက်
မွေးနေ့ရှင် သူ့ကို … မွေးဖွားခဲ့တယ်…။
သက်နုသစ်ပင်တွေမှာ သဘာဝဒဏ်ရာတွေနဲ့
လေတိုက်တိုင်း လှုပ်ခတ်ခဲ့ရ
ကြွေကျတိုင်း နွမ်းလျာခဲ့ရ
တိုင်းတပါးက လှုပ်ခတ်လည်း
ယိမ်းနွဲ့ခဲ့ရ ကြွေကျခဲ့ရသလို
နှလုံးသား မြေမျက်နှာပြင်မှာ
မျက်ရည်မိုးတွေ ပုလဲခခဲ့ရတဲ့
၁၃ ဖေဖော်ဝါရီကိုရောက်တိုင်း
လွမ်းဆွတ်ခဲ့ရသလို ညီညွတ်ရေး
ပေါင်းစည်းရေး မတူတာကို
တူညီအောင် လမ်းပြလို့ တို့ပြည် တို့နိုင်ငံထဲ
မွေးနေ့ရှင် သူ့.. ခြေရာတွေ တို့ နှလုံးသားမြေပြင်မှာ
ခြေရာတွေ ထင်ကျန်နေတုန်း လွမ်းဆွတ်နေတုန်း.ငိုနေတုန်းပေါ့….။
ဘဝတွေက ဆင်းရဲ ချမ်းသာတွေ
အထပ်ထပ် ကွဲပြားနေပါစေ
နှလုံးသားထဲ ဒီရင်ခွင်နန်းထဲမှာ
ကဗျည်းတင် ကျောက်စာတင်ခဲ့သလို
အတိတ်ပင်လယ်ပြင် နန်းသမုဒ်ပြင်ထက်က
ကျောင်းသားအရွယ် ကလေးဘဝ
အတန်းကျောင်း စာသင်္ခန်းထဲမှာ
ကြောင် ပုဇွန်စားပမာ ဆိုခဲ့ရတဲ့
ကဗျာတွေထဲ သူ့သမိုင်း သူ့အကြောင်းတွေ စိုးမိုးနေဆဲ
လွမ်းဆွတ်နေဆဲ ငိုနေဆဲပေါ့…။
Comment #2
right
Comment #3
ကောင်းပါ၏.
Comment #1
ကောင်းလိုက်တဲ့ကဗျာ
အနှစ်တွေချည်းဘဲ
ကဗျာရေးသူ ကျေးဇူးပါဗျာ ။