ထာဝရရူးသွပ်ခွင့်
ကောင်းကင်ယံမှာ ကြယ်ရောင်တွေပျောက်လို့
လမင်းလဲအသက်မဲ့နေပြီ….
သန်းခေါင်းယံအမှောင်ယံညမှာ
တိတ်ဆိတ်ခြင်းက ငါ့အတွက်….
အဖော်ဖြစ်နေပြီလေ…
ဘယ်အချိန်ထိလဲ….ဘယ်တော့လဲ…
ရင်ထဲက သောကတွေ ငြိမ်းချမ်းဖို့က
ဘယ်အချိန်မှာကုန်ဆုံးမှာလဲ….
အိပ်မရတဲ့ရက်တွေများခဲ့ပြီလေ….
တကယ်တော့ ကြင်သူကို
မိုးမြင့်မှာထားချင်တာ …
ချစ်သူတိုင်းပါပဲ…….
သောကရဲ့အရိပ်အောက်မှာ
လောင်းရိပ်မိစွာရှင်သန်ရတဲ့
ကိုယ့်ဘ၀ကို တစ်ချက်လောက်
နားလည်ပေးလိုက်ပါ ချစ်ရသူရယ်….
အရာရာဟာ မှုန်ဝါးနေတဲ့ ကိုယ့်ဘ၀မှာ
ချစ်သူသာအလင်းတန်းကို ပေးစွမ်းနိုင်မဲ့သူပါ..
တစ်ချိန်တစ်ခဏမှ တစ်ဘ၀အတွက်
စွဲလန်းစွာမြတ်နိုးနေပါရစေနော်……
အစဉ်မတူလို့ အမြင်ခြင်းကွာနေတဲ့
ကိုယ့်ဘ၀ထဲကို ကိုယ်ဘယ်လိုအားအင်တွေနဲ့
ချစ်သူကို စွဲခေါ်ရက်မှာလဲဟင်…….
မေးခွန်းများစွာနဲ့ကိုယ် အဖြေရှာနေတုန်းပါပဲ…
တကယ်တော့ အချစ်ဆိုတာ ကြီးမြတ်ပါတယ်…
ကိုယ်ဟာတကယ်ပဲအချစ်ကို ကိုးကွယ်ခဲ့ပါတယ်
အချစ်က ပေးတဲ့ စွမ်းအင်နဲ့ကိုယ့်အချစ်တွေ
အသက်ဆက်နေခဲ့ရတယ်………..
ရင်ထဲကမြတ်နိုးရတဲ့ ကိုယ့်ကဗျာလေးရယ်…
ဘယ်လိုအခြေအနေမှာပဲဖြစ်ဖြစ်..
စွဲလန်းမိတဲ့ကိုယ့်ကို ……
အမြဲတမ်းရူးသွပ်ခွင့်ပေးပါလို့
ကိုယ်တောင်းဆိုလိုက်ပါရစေလား….
(ဒဏ်ရာ)
Comment #2
so much excellent
Comment #1
nice poem..
taung de su ne pyay par say ta de