ချစ်သူများနေ့ အမှတ်တရ
လေပြေတွေကြည်နူး
ချစ်တေးသံတွေမြူးတဲ့
လှပကျော့ရှင်း
ဒီညနေခင်းရဲ့valentine မှာ
ဆည်းဆာနေပြို ရောင်နီအို
အိုမင်းလို့သာ ကျခဲ့ပြီ..
တစ်ယောက်စကားတစ်ယောက်နား
ချစ်တေးတွေသာဖြန့်ကျက်သည်….
ချိုကြည်ပျော်မြူး ဒီနွေဦးဝင်
ချစ်သူများနေ့ရောက်ခဲ့ပြီ…
အိပ်တန်းသီငှက် ဖော်စုံမက်
အနမ်းဝေစီ ပေးကြပြီပဲ
ပျော်ရွှင်စရာပ valentine ည..
နှုတ်ခွန်းမှစ ချစ်စိတ်က
ဖော်မစုံရင်ပင် လွမ်းရသည်….
တိတ်ဆိတ်တဲ့ည အသက်မဲ့ရ
လသာသော်လည်း အထီးကျန်သည်….
ကဗျာမရှိ စာမရှိ အချစ်မရှိသည့်
ဒီလူ အတွက် valentine သည်
တကယ်ကို ပင် အဓိပ္ပာယ်မဲ့သည်…..
(ဒဏ်ရာ)
Comment #3
*-*
*-*
*-*

Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
hin,,,
tu tu be lay..