သတိ…သတိ…သတိ….
အချစ်ကြောင့် ပျော်ရတယ်
အချစ်ကြောင့်ပဲ ငိုရတယ်
အချစ်ကြောင့်ပဲ လွမ်းရတယ်
အချစ်ကြောင့်ပဲ သေကြရတယ်….
အချစ်….အချစ်…အချစ်
ပျော်စရာဆိုပေမဲ့ ဝမ်းနည်းစရာလည်းရှိပါတယ်…
အချစ်ကို အထင်ကြီး
အချစ်ကြီးနဲ့တော့ မချစ်လိုက်နဲ့နော်
မျက်ရည်ဆိုတဲ့ နှလုံးသွေးတွေစီးဆင်းလာတတ်တယ်….
ယုံကြည်မှုတွေ ဘယ်လိုပဲတည်ဆောက်ဆောက်
မြတ်နိုးမှုတွေကို ဗာန်းပြပြီး
အသဲကွဲတတ်တယ်ဆိုတာလည်း သတိထားဦး….
အချစ်စစ်ဆိုတာဟာ
ချစ်နေဖို့ဆိုပေမဲ့
နှစ်ဖက်ရှိမှ လက်ခုပ်တီးရသလို
တစ်ယောက်တည်း တည်ဆောက်မရပါဘူး…
အသဲကွဲ ကိုယ်ကျိုးနည်း
အလွမ်းနဲ့ အိပ်ပျက်ခဲ့
အချိန်အပေးရဆုံး အလုပ်ဟာ
အချစ်ရေးပါပဲ…
မချစ်ဖူးရင် ချစ်ချင်တယ်
ချစ်ဖူးရင် ပစ်ချင်တယ်
မမေ့ဘူးရင် မေ့ချင်တယ်
ဒါတွေဟာ ဖြစ်တတ်တဲ့အရာတွေပဲ။။
မနာလို သဝန်တို
ရန်ဖြစ် ပြန်မချစ်
အသဲကွဲ ဆေးစွဲ
အချစ်ဆိုတာ အဲဒါပဲ..
ပျော်ခဲ့ကြတယ်
ငိုခဲ့ကြတယ်
လွမ်းခဲ့ကြတယ်
သေခဲ့ကြတယ်
အဲဒါတွေကို ကုစားဖို့က
နှလုံးသားက ဦးနှောက်နဲ့မဆိုင်သော်လည်း
နှလုံးသားတစ်ခုတည်းနဲ့တော့
မရဘူးဆိုတာ အကြံပေးပါရစေ…
ဘယ်သူဘက်မှ ရပ်တည်ပြီးရေးတာမဟုတ်ပါဘူး….ဖြစ်မှန်ဖြစ်ပျက်နေတဲ့ လူငယ်တွေကြား၊လူကြီးတွေကြားမှာ
အချစ်ဆိုတဲ့အရာဟာ လိုအပ်သော်လည်း နေရာတိုင်းမဟုတ်ပါဘူး။
စိုး……………..
Comment #2
ကဗျာမှာ သတိပေးခြင်းအရိပ်အယောင်တွေဖြတ်သန်းနေတယ်
အချစ်ကလူတိုင်းအတွက် ဆေးမဟုတ်သလို လူတိုင်းအတွက် ဘေးမဟုတ်ပါဘူး (ဒါကျွန်တော်မြင်တာလေး ပြောပြရုံသက်သက်ပါ ကဗျာဖတ်ပြီးcomplainတက်တာမျိုးမဟုတ်ပါ)
စကားလုံးအချိတ်အဆက်မိတဲ့ ကဗျာကောင်းလေးတစ်ပုဒ်ပါ ။
Comment #3
အစ်ကို X-ray
ကျနော် အစ်ကိုပြောတာလက်ခံပါတယ်။ ဒါပေမဲ့ ဆေးဖြစ်တဲ့သူနဲ့ ဘေးဖြစ်တဲ့သူနဲ့ဆိုရင် ဘေးဖြစ်တဲ့သူ များပါတယ်။ ကဗျာကို ဝေဖန် အမြင်ကိုပြောမှ ရေးသူအဖို့ ကောင်းခြင်းပါ။ အားပေးပါတယ်။ ဆက်လက်ပြီး ဝေဖန်ပေးပါနော်။ ဝေဖန်တာလို့ ပြောလို့ စိတ်မဆိုးပါနဲ့ဗျာ။ကျနော်က လေ့လာဆဲသူတစ်ယောက်ပါ။ အပြောမတတ်လို့ ဆဲနေလို့ထင်ရင် တောင်းပန်ပါတယ်။ ကြိုးစားလျက်
.စိုး………..
Comment #5
အချစ်….အချစ်…အချစ်
ပျော်စရာဆိုပေမဲ့ ဝမ်းနည်းစရာလည်းရှိပါတယ်…
အချစ်ကို အထင်ကြီး
အချစ်ကြီးနဲ့တော့ မချစ်လိုက်နဲ့နော်
မျက်ရည်ဆိုတဲ့ နှလုံးသွေးတွေစီးဆင်းလာတတ်တယ်….
မိုက်တယ်ဗျာ ……….
Comment #6
ဟာဗျာ ကိုစိုးဦးကလည်း တောင်းပန်စရာမဟုတ် လာတောင်းပန်နေတယ်
ဝေဖန်တယ်လို့ပြောလို့လည်းရပါတယ်ဗျ ဒါပေမယ့်ကျွန်တော်ကတော့ ကိုယ့်အမြင်ကိုပြောသွားရုံသက်သက်ပါ ကျွန်တော်က ကဗျာဆရာမဟုတ်ပါဘူး ကဗျာတွေအကြောင်းလေ့လာနေသူတစ်ယောက်ပါ ဒါကြောင့်အဲ့လောက်ကျွန်တော့ကို ခခယယပြောဖို့မလိုဘူးဗျ ။
Comment #7
အဲဒီအချစ်ငေ့်လူတွေဒုက္ခေ၇ာက်နေကြတာပဲ
တကယ်တော့အချစ်ဆိုတာဘ၀တစ်ခုမစခင်မှာပဲအေ၇းပါတာပါ
ဘ၀တစ်ခုစပြီဆိုတာနဲ့အချစ်ဟာတကယ်အေ၇းမပါတော့ပါဘူး
ကြိုက်ပါတယ်ကေါင်းပါတယ်
Comment #1
hote lar?