ဆောင်း မှာ နှင်းဝေခဲ့လေမလား
ဆောင်း မှာ နှင်းဝေခဲ့လေမလား
မနက်ခင်းလေပြည်ရဲ့ တေးသွား
ချမ်းစိမ့်စိမ့် အေးသွားမလား …… ကျွန်တော်မသိခဲ့ ..
စိုးစိတ်တွေ ရွက်ကုန်လွှင့်လို့
နေခြည်ရဲ့ အလင်းကို မျှော်နေမိတယ် …
ခေါင်း .. ပြီးတော့ ပန်း …
ဘယ် ညာကိုကြည့် … ပကတိ အလင်းမဲ့
ကြောက်စိတ်ရဲ့ အင်အားတွေ
ဆောင်း လေ လိုပဲ ရင်ခွင်ထဲမှာ တိတ်ဆိတ်
ချမ်းချမ်းအေးအေး …
ဒီလိုနဲ့ပဲ
စိတ် ဥာဏ်ရဲ့ တစ်လှမ်းအကွာ ကို တွေးမိတယ်
ကျွန်တော် = စိုးရိမ်စိတ်နဲ့ လူတစ်ယောက်
အဖြစ်က … ခပ်ရိုးရိုးပဲ
ရင်ခုန်သံသာ ဆန်းနေခဲ့တာ …
Comment #2
စိတ် ဥာဏ်ရဲ့ တစ်လှမ်းအကွာ ကို တွေးမိတယ်
ကျွန်တော် = စိုးရိမ်စိတ်နဲ့ လူတစ်ယောက်
အဖြစ်က … ခပ်ရိုးရိုးပဲ
ရင်ခုန်သံသာ ဆန်းနေခဲ့တာ …
By: May Kha at Feb 13, 2012
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
1 myo lay pe,,
kaung par de