“ ဖေဖော်ဝါရီတစ်ဆယ့်သုံး ( သို့ ) ရင်ထဲက မွေးနေ့ ”
ခေါင်းရင်းထရံမှာ ချိတ်ဆွဲထားတယ်
သင့် ရင်ထဲမှာကော ချိတ်ဆွဲထားပါသလား
ပါဆယ်အိတ်တွေ လဲ
အသဲပုံတွေ ဆွဲ
ဒီတစ်ရက်ထဲနဲ့ ကမ္ဘာပတ်ချင်သူတွေလည်းအများသား …
ဘယ်နားကိုပဲ ကြည့်ကြည့်
ပျော်စရာအတိပါပဲဆိုတဲ့ ဖေဖော်ဝါရီရဲ့ တစ်ဆယ့်လေးရက်
ချစ်သူများနေ့ဆိုပြီး ဂုဏ်တက်ခဲ့တာပေါ့ …
ပြန်တော့ ငေးမကြည့်နဲ့
တစ်နေ့ကဆိုတာကိုလည်း မြန်မာတိုင်းသိတယ်
အစိုးရ ရုံးပိတ်ရက်
ကုမ္ပဏ္ဏီတွေ အလုပ်ပိတ်ရက်
ကျောင်းတွေအားလုံး ပိတ်တဲ့ရက်
ဘက်(စ်)ကားတိုင်းမှာ နိုင်ငံတော်အလံတပ်တဲ့
ဖေဖော်ဝါရီရဲ့ တစ်ဆယ့်နှစ်ရက်
ပြည်ထောင်စုနေ့လို့ မှတ်ထားကြတယ် ။
အလယ်မှာမို့ လပ်နေတာလား …
ပြည်ထောင်စုနေ့နဲ့ ချစ်သူများနေ့ကြားမှာ
မေ့ထားခံရတဲ့ ဘ၀ပဲဖြစ်နေတာလား …
တစ်ခုလောက်မေးပါရစေ သူငယ်ချင်း …
မနေ့က ဘာနေ့ပါလိမ့် … ?
Comment #2
ပြန်တော့ ငေးမကြည့်နဲ့
တစ်နေ့ကဆိုတာကိုလည်း မြန်မာတိုင်းသိတယ်
အစိုးရ ရုံးပိတ်ရက်
ကုမ္ပဏ္ဏီတွေ အလုပ်ပိတ်ရက်
ကျောင်းတွေအားလုံး ပိတ်တဲ့ရက်
ဘက်(စ်)ကားတိုင်းမှာ နိုင်ငံတော်အလံတပ်တဲ့
ဖေဖော်ဝါရီရဲ့ တစ်ဆယ့်နှစ်ရက်
ပြည်ထောင်စုနေ့လို့ မှတ်ထားကြတယ် ။
Comment #4
ကဗျာက နောက်ပိုင်းရောက်မှဖတ်ရတာပိုအနှစ်သာရရှိသဗျ
အရေးအသားကိုတော့ လေးစားမိတယ်ဗျို့!!!!!!!
Comment #6
ပြည်ထောင်စုနေ့နဲ့ ချစ်သူများနေ့ကြားမှာ
မေ့ထားခံရတဲ့ ဘ၀ပဲဖြစ်နေတာလား …
တစ်ခုလောက်မေးပါရစေ သူငယ်ချင်း …
မနေ့က ဘာနေ့ပါလိမ့် … ?
ဗိုလ်ချုပ်မွေးနေ့ပါ………………
Comment #1
အလယ်မှာမို့ လပ်နေတာလား …
ပြည်ထောင်စုနေ့နဲ့ ချစ်သူများနေ့ကြားမှာ
မေ့ထားခံရတဲ့ ဘ၀ပဲဖြစ်နေတာလား …