သေနေတဲ့  ည
မကြာသေးမှီ အချိန်က ပဲ
ညဟာ ကောက်ကာ ငင်ကာ သေဆုံးသွားခဲ့
သေဆုံးခြင်း အတွက် လွမ်းတေး သီဆိုမှု ကို
ဇီး ကွက် တစ်ကောင်ကပဲ မျက်ရည်မကျပဲ တေးသီတယ်
ကောင်းကင်မှာ ကြယ်တွေ လတွေ ပျောက်သွားတဲ့ 
အချိန်ခဏလေး အတွင်းမှာ သေဆုံး သွားခြင်း ဖြစ်တယ်လို့ ….
သက်ဆိုင်ရာက ကောက်ချက်ချသွားတယ်
ခံစားတတ်တယ်လို့ ဆိုတဲ့ အနုပညာ သမားတွေ ကတော့ 
အထီးကျန်ခြင်း ဝေဒနာ ကြောင့်လို့  ခံစားရတဲ့ လေသံ နဲ့  ဆိုတယ်
ရှေ့ မှီ နောက်မှီ လူတွေကတော့
ဓာတုဗေဒ ဆိုဆေး ပါတာတွေ စားသုံးလို့ 
ဆီ စားများလွန်းလို့ တဲ့ …နှလုံးရောဂါ / သွေးတိုး ရောဂါ ဆိုလားပဲ
နတ်ကတော်လိုလို မာမီ လိုလိုနဲ့  သူကတော့
အဖော် မဆောင်လို့  H I V နဲ့ လို့ ခပ်ပြုံး ပြူံး ပြောတယ်..
တချို့ ကတော့ ရုတ်တရက်ကြီး သေဆုံးသွားလို့ 
ည ကို နှမြော ကြတယ်
ည ရဲ့  ဂုဏ် တွေ ကို ပြန်ပြောကြတယ်
ည ရဲ့  ကောင်းကွက်တွေ ရှိတဲ့ အတိတ်ကို ပြန်ဖော်ကြတယ်
ည သေဆုံး သွား ပြီ ဖြစ်လို့  ကောင်းကင်ဟာ ..ဟာလာဟင်းလင်း
ည ဘက် ဂစ်တာ ၀ိုင်း က လူငယ်တွေလည်း ကီးတွေကြောင် ကုန်တယ်
ညဉ့် ငှက် မတွေ နဲ့  အရက်သမား တွေ လမ်း မထက်မှာ ယောင်တောင်တောင်နဲ့ 
လ ကို လည်း မမြင်ရတော့ဘူး
ကြယ် တွေ လည်း ပျောက်ကုန်တယ်
ငယ်ပေါင်းဖြစ်တဲ့  ည အတွက် တစ်နေရာမှာ သွား ငိုကြွေး နေပုံ ရပါတယ်
ဒါပေမဲ့ …. ည သေဆုံးသွားမှန်း မသိသူတွေ
ည တစ္ဆေ ခြောက်လို့  အခြောက်ခံ ရ မှန်းမသိ
ည မရှိည မှာ ပျော် ပါး ကောင်း နေ ကြ တုန်းးးးးးးးး ။ ။ (လုလင်ငယ်သွေး)
Comment #1
ကဗျာရဲ့ နေရာတိုင်းကိုတော့နားမလည်ပါ
ဒါပေမယ့် စကားလုံးတိုင်းက သူ့အနက်နဲ့သူ ဖတ်ရတာအနှစ်သာရရှိတယ် ။