ထိခိုက်မှု
မှတ်မိနေရအောင်လို့လဲ တမ်းတမ်းတတမရှိခဲ့ဘူး..
မင်းကတော့ အရှေ့ ကိုပဲကြည့်နေတာ..
မင်းခြေအောက်က နှလုံးသားတစ်ခုက..
သွေးချောင်းစီးနေခဲ့ပြီလေ..
မတူဘူးမတန်ဘူးလို့လဲ မထင်လိုက်ပါနဲ့..
ငါလဲ ပညာတတ်မျက်နှာကြီးတစ်ယောက်မပာုတ်ခဲ့ရင်တောင်…
မင်းအတွက်တော့ ..
၁ နောက်က သုညလေးတွေပဲဖြစ်ချင်ခဲ့တာ..
မင်းရဲ့ ဂုဏ်ကိုညိုးနွမ်းစေမဲ့ အနှုတ် အခရာတွေ မဖြစ်ချင်ပါဘူး..
ငါ့အရည်အချင်း..ငါ့ခံယူချက်တွေပာာ..
မင်းတို့တွေးထားတဲ့ ခံစားချက်မျိုးလောက်တော့ ထပ်တူမကျနိုင်ပါဘူးကွာ..
ငါ့မာန နဲ့ ငါ့ဝါသနာကိုတော့ မင်းတို့ကိုမပေးနိုင်တော့ဘူး..
မင်းကလွဲရင် ငါ့မှာ ဒါပဲကျန်တော့တာ..
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
မင်းကတော့ အရှေ့ ကိုပဲကြည့်နေတာ..
မင်းခြေအောက်က နှလုံးသားတစ်ခုက..
သွေးချောင်းစီးနေခဲ့ပြီလေ..
ဒီအပိုဒါလေးကိုအရမ်းကြိုက်ပါတရ်ရှင်
i like this poem