နတ်သမီးတံဆိပ် လိုရာသုံးဆေး (မိုးထက်အောင်)
နတ်သမီးတံဆိပ် လိုရာသုံးဆေး
(ဟုတ်တာပေါ့ဗျာ…….)
နတ်သမီးက ကျွန်တော့်ရဲ့ကုန်ကြမ်း
အရောင်မဲ့ကဗျာတွေအတွက်
နတ်သမီးမျက်ရည်နဲ့ သူ့ အချစ်တွေရောကျိုချက်
(တစ်နေ့ သုံးခွက်သောက်)
ကဗျာတွေ အရောင်တောက်တယ်
(နောက်ရှိသေးတယ်……)
နတ်သမီးအသည်းနဲ့ ဝီစကီနှစ်ပတ်
(ရေခဲနဲ့ စိမ်သောက်)
အလွမ်းကဗျာတွေဖျားတာပျောက်တယ်
(ကျန်သေးတယ်ဗျ………)
နတ်သမီးအိမ်မက်ကိုအမှုန့် ကြိတ်
မီးပြင်းပြင်းပေးပြီး နေခြောက်လှန်း
(ရေနွေးပူနဲ့ ရောသောက်)
နာတာရှည်ကဗျာတွေ အမြစ်မကျန်ပျောက်တယ်
(ပြောရဦးမယ်ဗျ…….)
နတ်သမီးအနာဂတ်နဲ့ မျှော်လင့်ချက်ကိုနုတ်နုတ်စဉ်း
သူ့ မျက်ရည်နဲ့ ရောမွှေ ရှိုက်သံလေးနည်းနည်းထည့်
(ပျားရည်လေးဆမ်းပြီးသောက်)
ကြုံလှီတဲ့ကဗျာတွေ ခွန်အားဖြိုးမောက်တယ်
(ကဲ…….မယုံရင်စမ်းကြည့်)
နတ်သမီးတံဆိပ် လိုရာသုံးဆေးတော်
ကိုးဆယ့်ခြောက်ပါးရောဂါသည်ကဗျာတွေ
အမြန်ဆုံးသက်သာပျောက်ကင်းကြပါစေ……….။ ။
(မိုးထက်အောင်)
(ကျွန်တော်ကချစ်တဲ့….ကျွန်တော့်ကိုကြောက်တယ်ပြောတဲ့ ကောင်မလေးအတွက်)
Comment #2
ကဗျာက အရေးအဖွဲ့ပုံစံလေး တယ်ကောင်းသဗျ
လက်တွေနည်းနည်းလျှော့ပါဦး ကိုမိုးထက်အောင်ရေ
ကဗျာဖတ်တဲ့လူတွေလည်း မျက်လုံးကျွတ်ကျကုန်ပါဦးမယ် 🙂
အတွေးအခေါ်တယ်ဆန်းသဗျ
အရေးအသားကိုတော့လေးစားလျှက်ပါ ။
Comment #4
နတ်သမီးတံဆိပ်လိုရာသုံးဆေးကတယ်လည်းအစွမ်းထက်ပါလားး ကိုမိုးထက်အောင်ရယ် 😀
ဟုတ်ပါပြီ .. ကျွန်မလဲတစ်ခွက်လောက်တော့ကျိုသောက်အုံးမှ .. အဟဲ 😛
Comment #5
ခင်ဗျား က စကားတော့ တော်တော် တတ်တယ်ဗျ..နော့…
အားပေးနေပါတယ်
Comment #6
အဲဒီ နတ်သမီးလေးတော့..တော်တော်သနားဖို့ကောင်းမှာပဲ……..
Comment #7
ကိုမိုးထက်..ကောင်းတယ်ဗျ
တွေးထားတဲ့အတွေးလည်းဆန်းတယ်။…
ရေးထားတာလည်း…လန်တယ်…ကြိုက်တယ်ဗျ..
ကဗျာဖွဲ့ပုံလေးကို…..
Comment #8
မိုးရေ သူရဲ့နတ်သမီးတံဆိပ်လိုရာသုံးဆေးက … နတ်သမီးရဲ့နာကျင်မှု.. ကြေကွဲမှု…ဝမ်းနည်းမှု စတာတွေနဲ့ရောစပ်သောက်မှ အစွမ်းထက်တာတဲ့ရှင့် .. 😀
(PS သူ့ရဲ့နတ်သမီးကတော့အလိုလိုနေရင်းကြေကွဲနေရမယ်ထင်တယ် .. ..:P ဟိ)
Comment #9
အားပေးတဲ့သူငယ်ချင်းအားလုံးကျေးဇူးအထူးတင်ပါတယ်ဗျာ……
အစ်မတော်နတ်သမီးပြောသလိုတော့မဟုတ်ပါဘူးဗျာ။ကျွန်တော်အရွဲ့ တိုက်ပြီးရေးထားတာပါ။
ဘယ့်နှယ်ဗျာ…စဉ်းစားကြည့်ပါ။ကိုယ့်ကိုချစ်တဲ့သူကိုမှကြောက်သတဲ့ဗျာ။
ကျွန်တော့်နေရာက၀င်ခံစားကြည့်ပေါ့။အစ်မတော်လည်းကဗျာတွေရေးနေတာပဲလေ….:)
Comment #10
he,,he,,
a ko ka kyauk phoe kaung loh nay hmar pop loh,,
koh chit thu ko ne ne par par kyin nar like par ong naw,,
thu kha myar ta nar par de shin,
Comment #11
အေးလေဗျာ…ဘဘကြီးကလည်း…ခင်ဗျားက…အားအားနေ..နတ်သမီးပဲပြုတ်သောက်မယ်လုပ်နေတာပဲ…ကြင်နာလိုက်ပါ
Comment #14
ကျေးဇူးတင်ပါတယ်ဗျာ…
အားလုံးကို 🙂
Comment #1
he,,he,,
a yan kaung de,,
a yan kyike de,,
a yan chit phoe kaung de,,
d poem lay phat like ya tar ei lay a twat valentiday’s day ka lone wa pyay sone twar par de,
a yan kyay zu tin par de,,