ရင်ဘက်ဖွင့် ခြင်း (၁)
သူမ မရှိတော့ ဘူး
သိလိုက်ရတော့ လေ…
အတွေး တွေ လဲ ပြာကြ
အဆွေးတွေ လဲ..သူပုန်ထ
ည ထဲက အမှောင်ကို…အမဲ ရောင် ဆိုးလိုက်သလို…။
ငါက အသက်ရှိတယ်
လွမ်းတတ်တယ် ..
ကြေကွဲ ရတာ များလာရင်တော့ 
အချစ်ကို စိတ်နာတတ်တယ်…
မျက်လုံး မှိတ်လျက်ပေါ့ ..။
ဖြစ်ချင်တာတွေ မဖြစ်ချင်တာတွေ…
မျှော်မှန်းတာတွေ…မျှော်လင့် မထားတာတွေ..။
ဘာလို့ လဲ…
နှုတ်တောင် မဆက်လိုက်ရတဲ့ 
ညနေခင်းတွေ…
အနမ်းတွေ…လမ်းပျောက်…
ပန်းတွေ …ညှိုးလို့ ပါလား….။
ပြန်လာခဲ့ ပါ…
ရင်ဘက်ထဲကပဲ အော်နိုင်တယ်
အပြင် ထုတ်ကြည့် လိုက်တော့ 
မျက်ရည် ဆိုတာ ပူလောင်လွန်းတယ်…။
ဟုတ်ပါတယ်…
သေချာတယ်…
အချစ်ဆိုတာ….
ဒုတိယ နတ်ဆိုးပဲ…။
ဖေဖော်ဝါရီ ၁၄ ၂၀၁၂ ချစ်သူမဲ့ သူများ နေ့ 
Comment #2
ရင်ဘတ်ထဲကအော်သံက
မကြားနိုင်တဲ့အရပ်ကဆိုရင်တောင် ..
ရင်ဘတ်ချင်းတူရင်တော့
………………………………
Comment #3
ta gal…………………………
Comment #4
ငါက အသက်ရှိတယ်
လွမ်းတတ်တယ် ..
ကြေကွဲ ရတာ များလာရင်တော့ 
အချစ်ကို စိတ်နာတတ်တယ်…
မျက်လုံး မှိတ်လျက်ပေါ့ ..။
but a khu…. chit thu go a yann lwan nay tal.pyan lar kei par tawt.
Comment #1
a chit,,
a chit,,
a chit,,
tay char tar ka dot a khu hti ate loh ko ma ya bu,,
a chit lar?
a lwan lar?