Professional Authors

စိုးစိတ်

မှောက်လျက်နေတဲ့ ကောင်းကင်
ပက်လက်နေတဲ့ မြေကြီး အကြား
လျှောက်တဲ့ လူသား။

သမုဒ္ဒရာလောက်မှ စောက်မနက်တဲ့
ဝမ်းတထွာလောက်အရေး ပြည့်ဖို့တွေး။

တနေ့ပြီး တနေ့ တရွေ့ပြီး တရွေ့
ပန်းနေတဲ့ခြေလှမ်းနဲ့ လှမ်းနေတဲ့လမ်း။

ကန့်လန့်နေတဲ့ တောင်ကြီး
ကြားက ခံ ဆီးတော့
စို့ရိုက်လိုက်သလို အမော
ရေတကျိုက်နဲ့ မျှော။

ဒီဘဝကြမ်း ခရီးလမ်းမှာ
ရိက္ခာကုန် ရေခန်းလို့
ခြေဖဝါးအောက် တောင်ကြီး မရောက်ခင်
လှိုင်းကြီးလှေမှောက် လမ်းပျောက်သွားမှာ
စိုးမိပါရဲ့။ ။

In: ကဗျာ Posted By: Date: Feb 15, 2012
Comment #1

မှောက်လျက်နေတဲ့ ကောင်းကင်
ပက်လက်နေတဲ့ မြေကြီး အကြား
လျှောက်တဲ့ လူသား
ကဗျာအဖွင့်လေးက တယ်လန်းပါဘိ ။

commentinfo By: X - ray at Feb 15, 2012
Comment #2

ကိုကန့်ကော်……..အမှန်တွေပဲ…
လုံးဝမှန်တယ်……..

commentinfo By: May Kha at Feb 15, 2012
Comment #3

သမုဒ္ဒရာလောက်မှ စောက်မနက်တဲ့
ဝမ်းတထွာလောက်အရေး ပြည့်ဖို့တွေး။

တနေ့ပြီး တနေ့ တရွေ့ပြီး တရွေ့
ပန်းနေတဲ့ခြေလှမ်းနဲ့ လှမ်းနေတဲ့လမ်း။

ကန့်လန့်နေတဲ့ တောင်ကြီး
ကြားက ခံ ဆီးတော့
စို့ရိုက်လိုက်သလို အမော
ရေတကျိုက်နဲ့ မျှော။

ဒီဘဝကြမ်း ခရီးလမ်းမှာ
ရိက္ခာကုန် ရေခန်းလို့
ခြေဖဝါးအောက် တောင်ကြီး မရောက်ခင်
လှိုင်းကြီးလှေမှောက် လမ်းပျောက်သွားမှာ
စိုးမိပါရဲ့။ ။

commentinfo By: May Kha at Feb 15, 2012
Comment #4

စိုးလည်းစိုးသင့်ပါရဲ့ဗျာ….
ကဗျာလေးအရမ်းကောင်းပါတယ်ဗျ။

commentinfo By: moehtetaung18 at Feb 15, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment