“မေ”
အချစ်၊မေတ္တာ တိုး၊တိုးကာထပ် မှော်ရုံတောက ရုန်းထွက်ဖို့ဝန်လေး နှလုံးသားကို စတေးလို့ ချစ်ခဲ့ရတဲ့ မေ ရယ်
သက္ကာရာဇ်၊ နှစ်လတွေကြာညောင်းလည်း ဒီမောင်ရင်ထဲ ကအချစ် အစဉ်ထာဝရ စိုပြေလျက်ပါ မေ ရယ်
ဪချစ်ဦးမေရယ် ဒီမောင်က အရိုင်းမို့  မေ အမျက်တော်ရှ သဘောတော်မကျရင် ခွင့်လွတ်ပါ မေ ရယ်
မေ့အချစ်ရဲ့ မိုးစက်ပွင့်များ ရွာသွန်းပါမှ လန်းဆန်းမဲ့ မောင်ဘဝမှာ မေ တစ်ယောက်သာ ဒီရင်ခွင် ရဲ့ ပဲ့ကိုင်ရှင်ပါကွယ်
လေအဝင့်မှာ ကြွေလွင့်မဲ့ အချစ်မျိုးဆို မောင်တို့ ၂ယောက် (၁၉) လကြာ ဒီခရီးကို ရောက်ခဲ့မှာတောင် မဟုတ်ပါဘူးကွာ
ခိုင်မြဲတဲ့အချစ် တည်တံတဲ့သစ္စာ မေ့အတွက် မောင့်အကြင်နာ စစ်မှန်ခဲ့လျှင် မေနဲ့ မောင် ဒီတစ်သက် ပေါင်းရစေသား……..
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
d 1 tet paung ya par say da de..