ပိုက်ဆံအိတ် တစ်လုံး၏ ဆာလောင်မှု
တစ်ရွက် …..
နှစ်ရွက် …
သုံးရွက်…..နောက်ထပ် … ။။။။။
ခြသေ့င်္ တစ်ကောင် ….
နှစ် ကောင်….
သုံးကောင်….
နောက် တစ် ကောင်.။။။
ဆင် …တစ်ကောင်
နှစ်ကောင် …
သုံးကောင်….
နောက်တစ်ကောင် ။။။။
ဟူး …..ရင် သပ် ရှုမောဖွယ် ကောင်းတယ်…
အ၀င် တစ်ရွက် …..အထွက် နှစ်ရွက် ….
အထွက် တစ်ရွက် အ၀င် နှစ်ရွက် …(သို့ ပေ မဲ့ ) တန်ဖိုးက သင့် တယ်
ပိုက်ဆံ အိတ် တစ်ခု ရဲ့ ဟောင်းလောင်း ဖြစ်မှု
လူ့ ၀မ်းတစ်ထွာ နဲ့ ညှိယူရမှန်း…..
ခပ် တန်တန် လေးတော့ နားလည်လာလျက်……
ပွတ် တိုက် …သံ ခပ်တိုးတိုး ….
မှိန်ဖျော့ လု လု …
မကြားရ သယောင် …
သရုပ် ဆောင်လဲ
သဏ္ဍာန် ကတူတယ်
ပလာစတာ တစ်ထပ် …
(သို့) အထပ်လိုက် ကပ်လဲ
ပွန်းရာ ပဲ့ရာက အထင်း သား
ပိုက်ဆံ အိတ်လေးရေ ………..
ဖောင်း လိုက် ပိန် လိုက် (အာ)
ပိန်လိုက် ပိန်လိုက် နဲ့ နင့်ကို ငါ အားနာတယ်………………….
သံယောဇဉ် ( ၁၅.၂.၂၀၁၂)
မနက် ၅ နာရီ စွန်းစွန်း…..
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
he,,he,,
real life style