အကြွေး
စကားတစ်ခွန်းရဲ့အနက်ကို
ပူဖောင်းတွေ ချိတ်ဆွဲကြတဲ့ ခေတ်မှာ
လူ ဆိုတဲ့ အဓိပ္ပါယ်ကို
ရေထိုးထားတဲ့ မင်း ကျင့်တရားတွေကြားမှာ
ကိုယ်ဟာ ကြက်ခြေခတ်တစ်ကောင်ပါပဲ
အပ်တိုတစ်ချောင်းက အစ ကောက်ရိုးပုံ အဆုံး
အားလုံး သူ့တန်ဖိုးနဲ့ သူ
ကိုယ်ဟာ အမုန်းခံရလူ
ကူညီပေးခဲ့ပါတယ် သူငယ်ချင်း
မီးအိမ်ကိုပဲ ငြိမ်းခဲ့လိုက်တယ်
စုန်းပြူး
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
wow,,,,,,,,,
with lots of love.
a net shine sone c ka koke chit tat lar de kyay nyar chat ko dot lone wa kyike twar p kwar,,
u yin da kar ko myit tar ne pwint naing de a hti saunt nay me so tar dot sate ma win sar bu,,,he,,he,,
ei lay ka saunt de a loak so bar 1 khu hma ma kyike loh,,
saunt ya dar a mone sone pe,,he,,he,,