တွင်း
ဘယ်ဒြပ်ထဲမှ ပျော်ဝင်ကြည့်လို့မရတဲ့အခါ
စည်းအပြင်ဘက်က
တူးထားမိလျက်သား တွင်းမှာ
အရွှေ့ဟာ ဖြောင့်စရာမလိုခဲ့
ပုဂ္ဂလဆန်ခဲ့တယ်
နေ့များဟာ ဝါကျတွေ ကုတ်ခြစ်သွားတဲ့ စာအုပ်ပဲ
သက္ကရာဇ် အော်သံများ နက်ခဲ့
မိတ်ကပ်လိမ်းထားတဲ့ ချစ်ခြင်းတွေနဲ့
ဘယ်သိုးကိုမှ ယုံကြည်လို့မရတော့တဲ့ ဝံပုလွေတစ်ကောင်ပါ
မေတ္တာကို ကဗျာတွေနဲ့သာ ဆာခဲ့တယ်
စုန်းပြူး
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
a hman da ke p pyay sone de chit chin tway ne min yin kwin hmar nar kho kwint,,,
lone wa kway twar de,