သောကြာနေ့ မနက်ခင်း
ဆောင်းရာသီဟာ သူမှုတ်ထုတ်လိုက်တဲ့ အခိုးအငွေ့တွေနဲ့ ကောင်းကင်ကို ရစ်ဝိုင်း
သောကြာနေ့ရဲ့ မနက်ခင်း ပြဇာတ်ကို လှပသေသပ်အောင် ဖန်တီးခင်းကျင်းနေခဲ့တယ်…..
သစ်ခက် စိမ်းရွက်တွေပေါ်က နှင်းမှုန်နှင်းစလေးတွေ ပေါင်းစုပြီး ခုန်ဆင်းမြူးထူးကြဖို့ကိုလည်း
လေတွေက လမ်းခင်းပေးနေကြတယ်…..
နေ အလင်းမျှင်တန်းတွေက သူတို့ရဲ့ အတောင်ကို ဖြန့်ကျက်ပြီး ကမ္ဘာလောကဆီ ပျံသန်းဖို့
အားယူနေတုန်း
ကျွန်တော် ၀န်းကျင်ရဲ့ ဝေဖြာဝင့်ကြွမှုကို ငေးရင်း…..
ရင်ထဲက စာရွက်စိမ်းတစ်ရွက် မျက်ဝန်းတွေထဲ ဝေ့သီလာတယ်…..
အတိတ်က မျောလွှင့်ေ၀၀ါးနေတဲ့
ပျော်ရွှင်
ခါးသက်
နှစ်မျိုးစပ်တဲ့နေရက်တွေ…..
လိမ္မော်ရောင်အင်္ကျီ… စက်ဘီးအသစ်လေး… မိုးမှုန်တွေ စိုနေကြ ထီးဝါလေး…
စိန်ပန်းပြာပွင့် အကြွေတွေ နဲ့ ယိမ်းဝင့်လှုပ်ခတ်တဲ့ အပြုံးတွေ…
မနက်ခင်း နှင်းမှုန်တွေကြားက ပုံရိပ်…..
သူ့ ပုံရိပ်……….
သူ့ ပုံရိပ်တွေ……………
နာကျင်….
ရှတ….
အို….. အ၀ါရောင်ချည်မျှင်တန်းတွေက ရိုင်းစိုင်းတဲ့ နဂါးတစ်ကောင်လို
မြူတွေကို ၀ါးမြိုပစ်ကြတယ်…..။
သစ်ခက် သစ်ရွက်တွေ စိမ်းနေရင်းတန်းလန်း နဲ့ မီးဟုန်းဟုန်းတောက်ကြတယ်…..။
မီးလို လောင်ကျွှမ်းမရသော လေဟာ ကျွန်တော့် ရင်ဘတ်ကို လာရောက်ကုတ်ခြစ်သွားကြတယ်…..။
မှော်ဆရာတစ်ယောက်ရဲ့ အရက်စက်ဆုံး ပြဇာတ်တစ်ပုဒ်လို
သောကြာနေ့ မနက်ခင်းက သွေးအလိမ်းလိမ်းနဲ့ တစ်စစီ ပဲ့ကျစေခဲ့သည်………။ ။
စုန်းပြူး
Comment #1
eeeeeeeeee
kuauk sa yar g,