ဝေဒနာ နှင့် ကခုန်သူ
အဲ့ဒီညမှာ သစ်ပင်အိုတွေကြားက
လေရိုင်းတွေ ဖြတ်တိုက်လို့ …
ညှိုးနွမ်းခြောက်သွေ့တဲ့ လမ်းလေးနဲ့ ဘ၀ဟာ
တစ်ခဏအတွင်း စာခြောက်ရုပ်လိုဖြစ်လာတယ်။
ဖြေမဆည်နိုင်မှုကို ပြန်တွေးရင်း
ဦးခေါင်းထဲ ရှုပ်ထွေးနှောက်ကျိနေခဲ့ရ…
စကားလုံးတွေနဲ့ မာယာတွေ ရောပြွန်းလို့
ဘာလို့များ ငါ့ကို လှည့်စားခဲ့ပါသလဲ…..
ပျော်ရွှင်ခြင်း လင်းလက်နေတဲ့ မင်းမျက်ဝန်းမှာ
ငါ ဟာ ဂျော်ကာတစ်ယောက်ဖြစ်သွားရတယ်ဆိုတာ…
အ၀ါရောင်ပွင့်ဖတ်တွေ စုတ်ဖြဲခံလိုက်ရသလိုပဲ
ငါ နားလည်ထားတယ်။
ရိုကျိုးသိမ်မွှေ့စွာ အကြင်နာတွေစိုက်ပျိုးရင်း
နာကျင်ခြင်းတွေ တစ်ပွေ့တစ်ပိုက် ရိတ်သိမ်းရရှိခဲ့တဲ့
ငါ့… ရဲ့ နယ်ပယ်ထဲမှာ
ကြေကွဲမှုဆိုတာ ငါပေါင်းနေကြ သူငယ်ချင်းတစ်ယောက်ပဲ။
မင်း မသိနိုင်တာကလွဲရင်
ပြိုလှဲခြင်းဟာ တီးလုံးကြမ်းတစ်ပိုဒ်နဲ့
ဝင်ရောက်ကခုန်နေကြပါလိမ့်မယ်။
အဲ့ဒီ ကောင်းကင်မှာပဲ
ကြယ်တွေ စူးစူးဝါးဝါးလင်းနေလေရဲ့…..။ ။
စုန်းပြူး
Comment #2
ရိုကျိုးသိမ်မွှေ့စွာ အကြင်နာတွေစိုက်ပျိုးရင်း
နာကျင်ခြင်းတွေ တစ်ပွေ့တစ်ပိုက် ရိတ်သိမ်းရရှိခဲ့တဲ့
ငါ့… ရဲ့ နယ်ပယ်ထဲမှာ
ကြေကွဲမှုဆိုတာ ငါပေါင်းနေကြ သူငယ်ချင်းတစ်ယောက်ပဲ။
အားပေးနေပါတယ်
Comment #1
bar loh myar ngar ko hle sar ke par ta le?