တစ်ခြမ်းပဲ့
ညပဲ ဒါပေမယ့် ကောင်းကင်ကိုတော့နီစေချင်တယ် …
အမှောင် နဲ့ ငါ
နူးညံ့အေးစက်စွာ ကိုက်ဖဲ့
စုတ်ပြတ်သတ် ဘဝ
သဲကြိုးပြတ်တော့မယ့်ဖိနပ်ပမာ…
ငါရဲ့အကန်းတွေချပြ
မင်းရိုက်ခွဲခဲ့တာကလွဲရင်…
အားလုံးဟာ အငွေ့ပြန်ပျောက်ကွယ်
ကွဲ အက် ရှ တ မှုထဲ
လူမသိသူမသိ…
ငါဟာ တစ်ခြမ်းပဲ့သစ်သီးတစ်လုံးဖြစ်တယ်
ညပဲ ဒါပေမယ့် ကောင်းကင်ကိုတော့နီစေချင်တယ် ။ ။
စုန်းပြူး
Comment #2
အမှောင် နဲ့ ငါ
နူးညံ့အေးစက်စွာ ကိုက်ဖဲ့
စုတ်ပြတ်သတ် ဘဝ
သဲကြိုးပြတ်တော့မယ့်ဖိနပ်ပမာ…
By: အသဲကွဲမိုး at Feb 16, 2012
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
ngar har 1 chan pe tit te 1 lone,,
mike de kwar