ခေါင်းစဉ်မဲ့
တစ်ခြားသူတစ်ယောက်ရဲ့ သံစဉ်တွေနဲ့
ရင်းနှီးကျွှမ်းဝင်ခဲ့ပြီးသား
မင့် ဆံနွယ်တွေကြားမှာ
ငါလည်း ဖဲကြိုးစလေး ချည်နှောင်ခွင့်ရချင်တယ် ။
ရွှေ့လျားနေတဲ့ ရာသီထဲ
အသွားတုံး ဘိန့်ဖဲတစ်ချပ်ကို
ကိုင်ဆောင်ရင်း…..
အဲ့ဒီကောင်နဲ့ ငါ ….. ။
ကဝေလက်ချောင်းတွေနဲ့ ငါဟာ
အဖျက်နက္ခတ်ပဲလို့…
ရေခဲမြားတစ်စင်းကို ပစ်လွတ်ရင်း…
နှင်းတွေ မြူတွေ ကြား
မင်းဟာတိုးဝင်သွားခဲ့တယ် ။
တကယ်တော့ “ ဒဿ ” ရေ
ဗီလိန် ဆိုတာ သတ်မှတ်ချက်တစ်ခုပေါ့…
ခု ငါ့ရင်ဘတ်အရှင်လတ်လတ်ပေါ် ရောက်လို့
နှင်းဆီတစ်ပွင့် ၊ ဆူးခက် ၊ ဆောင်းရာသီတွေ အတွက်
မီး တောက် ဆန်စေခဲ့ပြီ … ။
သမိုင်း တဲ့…
ခေတ်အဆက်ဆက်ကလူတွေရဲ့ အကောင်းအဆိုးမှတ်တမ်း
ငါ ကကော …..
ပရမ်းပတာဆန် ခပ်ကြမ်းကြမ်း သမိုင်းက လွမ်းပြီ…။
ခုဆို
ခံစားချက်ကို အကျဉ်းချ
စာရွှက်ထဲက လွဲရင် ဘယ်ကိုမှထွက်ခွင့်မပေး …
မိုက်တိမိုက်ကန်း တင်း ကြပ် ပိတ် ဆို့
ငလျှင်လေး တစ်ခုလို တိတ်ဆိတ်နေမယ်
ချစ်သော ဆောင်းနှင်းဖြူရယ်
ဟိုကောင့် အချစ်တွေနဲ့ မင်း ချမ်းမြေ့ပါစေသား…..။
အကယ်၍
အကယ်၍သာ ………………… ။ ။
စုန်းပြူး
Comment #2
အင်း ဘာပြောရမှန်းတောင် မသိတော့ပေမဲ့
ကဗျာကို ကြိုက်တယ်
Comment #3
:'(
🙁
Comment #1
e de tate sate nay de nga hlin ka le a swan htet de naw,