ပြန်မလာပါနဲ့…
အဖြူရောင်မုသားတွေကြား
ကမ္ဘာခြားသွားတာလားဆိုတာတော့
မိုးနှင့်ကျွန်တော်လည်းမသိပါ
ဒါပေမယ့်
သံသယမရှိတဲ့
ချစ်ချင်းကိုလည်း မုန်းတယ်
မာနမရှိဘူး ဆိုတဲ့
မင်းကိုလည်း သနားတယ်
ညာနေတာ သိရက်နဲ့
ပြန်မပြောတတ်တဲ့ လောကကြီးကိုလည်း
စိတ်နာတယ်
ပြန်လာမယ်လို့
နှုတ်ဆက်ခဲံ့တဲ့ မိုးကိုလည်း မယုံဘူး
ဒါပေမယ့် ….မိုး
အစ်ကို ဒိုင်ယာရီမှာ
နားပြီးပြန်လာတာ ဆိုလို့ ငှက်ပဲရှိတယ်
သံစဉ်တွေရှိလျက်နဲ့
ဂစ်တာကို ရိုက်ချိုးမယ့်
ခပ်မိုက်မိုက် လူတွေထဲမှာ ငါမပါဘူး
ပြန်လာဖို့ တွေးမိတယ်ဆိုရင်
မတွေးခင်သာ အိပ်ရာဝင်လိုက်ပါ
Comment #3
နှစ်သက်စွာအားပေးသွားပါတယ်
By: အသဲကွဲမိုး at Feb 16, 2012
Comment #4
excellent,,
i like so much.
By: ei lay at Feb 16, 2012
Comment #5
အရေးအသားက မိုက်သဗျ
ခံစားအားပေးသွားတယ်ဗျာ ~~
By: X - ray at Feb 16, 2012
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
ဒါပေမယ့် ….မိုး
အစ်ကို ဒိုင်ယာရီမှာ
နားပြီးပြန်လာတာ ဆိုလို့ ငှက်ပဲရှိတယ်
သံစဉ်တွေရှိလျက်နဲ့
ဂစ်တာကို ရိုက်ချိုးမယ့်
ခပ်မိုက်မိုက် လူတွေထဲမှာ ငါမပါဘူး
ပြန်လာဖို့ တွေးမိတယ်ဆိုရင်
မတွေးခင်သာ အိပ်ရာဝင်လိုက်ပါ
အရမ်း … အရမ်းကို …ကောင်းပါတယ်။