ပျက်စီးနေတဲ့ အိမ်
နင်ခဏတာ ပျော်ဖို့တွက် ငါစိတ်ကို
ထပ်ပြီး ခံစားရအောင်မလုပ်ပါနဲ့
နင်သွားမဲ့လမ်း အဆင်ပြေအောင်
ငါ့စိတ်ကို ထပ်ပြီးမနင်းချင်စမ်းပါနဲ့
နင်ပြောဖူးတဲ့ အချိန်တန်ရင် အိမ်ပြန်လာ
မှာပေါ့ဆိုတာ ငါ့ရင်ကိုခွဲ ဆားနဲ့ပက်လိုက်သလိုပဲ
ဆိုတာ နင် ဘာလို့ မသိတာလဲ
ငါဆိုတဲ့ ကောင်မလေးကလဲ
နင့်တစ်ယောက်ကိုပဲချစ်မိတော့
နင်ပြန်လာမဲ့ချိန်ကိုပဲ စောင့်နေတာပေါ့
ဒါပေမဲ့လည်း
နင်ပြန်လာမဲ့ အချိန် နင် ပြောတဲ့ အိမ်က
နင့်လုပ်ရပ်တွေကြောင့် ယိုင်နဲ့ ပျက်စီးနေလောက်ပြီး
နောင်တ ဆိုးကြီးက ချ တစ်ကောင်လို
အခုငါ့ရင် ကို တစ်စစနဲ့
ဝါးမျိုနေတာပေါ့
Comment #2
လူတစ်ယောက်ကိုချစ်ရတာ..မလွယ်ပါလားဗျာ…
ခံစားအားပေးသွားပါတယ်။

Comment #3
right,,
right,,
100% agree with u,,
koh kou tan phoe ma htar tar tway myar lar dot ,,,,a yan khan sar ya de,,
koh kou ko le shat lar dar pop,,

Comment #4
ဖတ်သွားပါတယ်ခင်ဗျာ

Comment #5
စိတ်မကောင်းဘူးဗျာ ဒီကဗျာလေးဖတ်ရတာ ~~

Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
နောင်တ ဆိုးကြီးက ချ တစ်ကောင်လို
အခုငါ့ရင် ကို တစ်စစနဲ့
ဝါးမျိုနေတာပေါ့