ညတွေရဲ့တစ်ဖက်ကမ်းမှာ-ရွှေကြယ်မိုး
အဝေး…
အတိတ်တွေရဲ့ အဝေး…
တစ်နေ့တော့ သွားကြမယ်…
ပန်းစိုက်ရင်း ပန်းကမပွင့်
ကဲ…ဘာဆက်လုပ်ကြမလဲ…
တိမ်တွေလို ချည်နှောင်ထားခဲ့မိတဲ့
သံယောစဉ်ကြိုးတွေက လေနှင်ရာမှာ
စိတ်ထင်တိုင်းစိုင်းသွားကြ…
ငါတို့လည်း ဝေးကြမယ်…
ငါထင်တယ်…
ပန်းဥယျာဉ်လို မိန်းမပျို
စမ်းရေစီးသံတွေကြားမှာ
ကြမ်းတမ်းစွာ စီးမျောရမယ်လို့
ဘယ်ထင်ခဲ့လိမ့်မလဲ…
သူမကေသာထက်မှာ
ခြွေခြွေချခဲ့မိတဲ့ စိတ်ဓါတ်တွေ
ငါ့ကိုပြန်ပေးလိုက်ပါတော့…
တိမ်တွေလို…စိုင်း
လေတွေလို…ရိုင်း
သြော်…လှိုင်းတွေကြမ်းကြရဦးမယ်
သူမ…မျက်ဝန်းပွင့်တွေ ဘယ်ဆီကိုများ
လွင့်နေပါလိမ့်…
ညှို့ချက်မိ စိတ်တံခါးများ
ဖွင့်ဟလိုက်ကြဖို့ ခက်ခဲသွား…
ဖြေရခက်နေတဲ့…သူမနှုတ်ခမ်းများ
တဆတ်ဆတ်တုန်လို့ …
ကမ္ဘာဟာ လင်းလျက်မှောင်…
မှောင်လျက် အလင်းတွေကန်းသွားကြ…
ဝေးကြမယ်…
ဝေးကြမယ်…
ငါတို့လည်း ဝေးကြမယ်
ရွှေကြယ်မိုး
(၂၀၁၂.ဖေဖေါ်ဝါရီ.၁၆ရက်.ညနေ၆နာရီ.၃၂မိနစ်)
Comment #1
ပန်းစိုက်ရင်း ပန်းကမပွင့်
ကဲ…ဘာဆက်လုပ်ကြမလဲ…
ကြိုက်တယ်ဗျ….။