ငါ့ကိုယ်ငါပြန်ရှာတွေ့တဲ့နေ့က ငါဟာသစ်ပင်တစ်ပင်ဖြစ်နေတယ် . . ။
လွယ်လွယ်နဲ့အရှုံးပေးဖို့
(ငါ) မီး လို
ပွင့်ပြခဲ့တာမဟုတ်ဘူး
. . . . . . ။
အဲဒီနေ့တုန်းကပေါ့
ယုံကြည်ခြင်းဆိုတဲ့
အကြွေစေ့ကိုပစ်တင်လိုက်တာ
ဒီ က နေ့ ထိ ကို
ပြန်ကျမလာတော့ဘူး . . ။
အသေအချာပဲ
ဒါဟာ . . .
ငါနှစ်သက်သူတချို့ရဲ့ နောက်ကျောဓားနဲ့ထိုးမှု
ငါမက်မောတဲ့ ရိုးသားခြင်းရဲ့ စာနာကင်းမဲ့မှု
ငါရှာဖွေနေတဲ့ အမှန်တရားရဲ့ အမှားပြဆိုမှု
သေချာသထက် သေချာတယ်ဆိုတဲ့အရာတွေထဲမှာ
ကိုယ့်အိပ်မက်ကိုယ် အမဲလိုက်ရင်း
ဝင်္ကပါထဲလမ်းပျောက်ခဲ့ရတဲ့ သေရာပါခဲ့တဲ့
သေ ချာ ခြင်း တွေ . . . ။
ဒီလိုနဲ့
အပြုံးတောင်အဆီအငေါ်တည့်တည့်
မပြုံးဖြစ်တာ . . . အတော်ကြာပြီ . . ။
(ငါ) အလွဲလွဲအချော်ချော်နဲ့
မနေ့ကထိမျှော်နေခဲ့သေးတယ်
ဒါပေမဲ့
ငါ့တံဆိပ်ခေါင်းလေးကတော့
လိပ်စာမှားပြီးတောင်ရောက်မလာခဲ့ဘူး . . ။
နောက်ဆုံးတော့
ငါဟာ
လွဲမှားစွာမှန်ကန်နေတဲ့
ယုံကြည်ချက်တစ်ချို့နဲ့
သတိရခြင်းသစ်ပင်အဖြစ်
ရှင်သန်ကျန်နေရစ်ခဲ့တယ် . . . ။
နတ်သမီး
Comment #5
ငါနှစ်သက်သူတချို့ရဲ့ နောက်ကျောဓားနဲ့ထိုးမှု
ငါမက်မောတဲ့ ရိုးသားခြင်းရဲ့ စာနာကင်းမဲ့မှု
ငါရှာဖွေနေတဲ့ အမှန်တရားရဲ့ အမှားပြဆိုမှု
သေချာသထက် သေချာတယ်ဆိုတဲ့အရာတွေထဲမှာ
ကိုယ့်အိပ်မက်ကိုယ် အမဲလိုက်ရင်း
ဝင်္ကပါထဲလမ်းပျောက်ခဲ့ရတဲ့ သေရာပါခဲ့တဲ့
သေ ချာ ခြင်း တွေ . . . ။
Comment #7
nice poem
Comment #1
အဲဒီနေ့တုန်းကပေါ့
ယုံကြည်ခြင်းဆိုတဲ့
အကြွေစေ့ကိုပစ်တင်လိုက်တာ
ဒီ က နေ့ ထိ ကို
ပြန်ကျမလာတော့ဘူး . . ။
အဲဒီစာသားလေးကိုကြိုက်တယ်ဗျ..။