ပြဿဒါးနိမိတ်နဲ့  တိတ်ဆိတ်နေတဲ့ကဗျာ (မိုးထက်အောင်)
ပြဿဒါးနိမိတ်နဲ့  တိတ်ဆိတ်နေတဲ့ကဗျာ
ပြဿဒါးနိမိတ်နဲ့ တိတ်ဆိတ်နေတဲ့ကဗျာ
ဘယ်နက္ခတ်နဲ့ မှမလှပခဲ့ဘူး
အတ္တလှလှလေးတွေ ဖုံး…..ဖိ…ကွယ်….၀ှက်
(ပြောစမ်းပါဦးဗျ……)
ကဗျာရေးတဲ့ဟောဒီ့လက်ကိုရဲရဲတွဲ
ဒါ……ငါ့ချစ်သူပါလို့  ခင်ဗျားပြောခဲ့ဖူးသလား
(ထပ်မေးဦးမယ်.…..)
ပြော….ရဲ….ခဲ့…..ဖူး…..သလား
ပတ်ဝန်းကျင်အကောင်းစားကြီးကိုတပ်မက်
သူငယ်ချင်းအကောင်းစားကြီးတွေနဲ့ ဖုန်းဆက်တမ်းဆော့စမ်းပါ
ရေပြင်အစပ်ကခုံမှာ ဘေးထွက်ပြီးထိုင်ပေးခဲ့တာ
(ခင်ဗျားမသိတာလား……)
မသိချင်ယောင်ဆောင်နေခဲ့တာလား
ဖော့ဖိနပ်အစုတ်နဲ့ ကျုပ်က စက်ရုပ်မဟုတ်ဘူး
(အရုပ်မဟုတ်ဘူး…….)
ခင်ဗျားနံဘေးက အပျင်းပြေအဆော့ခံရုပ်သေးတစ်ရုပ်မဟုတ်ဘူး
(ရင်ဘတ်ပါတယ်ဗျ……)
ဟောဒီ့ခံစားတတ်တဲ့ ရင်ဘတ်ကြီးပါလာခဲ့တယ်
ခင်ဗျားခေါ်လို့ အရောက်လာခဲ့တယ်
ခင်ဗျားမနှင်ပဲ အလိုက်တသိကျုပ်ပြန်ခဲ့တယ်
ထောင်တန်အသစ်လေးတွေနဲ့ လက်သည်းကြားကဂျီးလေးတွေခွာပြနိုင်ပါတယ်ဗျာ
(ဆက်လုပ်ပါ…….)
အနီးကပ်ရိုက်ချိုးခံလိုက်ရတဲ့ရင်ဘတ်နဲ့ 
ရိုးကျိုးစွာနဲ့ ပဲကျုပ်အိမ်ပြန်ခဲ့ပါတယ်……..
…………………………………………………………………………………
(တစ်ခါတလေ………….)
ကဗျာဆရာအသေကို ကဗျာတွေထဲမှာတွေ့ ဖူးမှာပါ
(ပြဿဒါးနိမိတ်နဲ့ ………)
ကျွန်တော့်ကဗျာလေးတွေ တိတ်ဆိတ်နေခဲ့တာ
တော် တော် လေး ကြာ နေ ခဲ့ ပါ ပြီ ဗျာ……..
………………………………………………………………………………….။ ။
မိုးထက်အောင်
Comment #2
ဒီလိုပါပဲဗျာ…ချစ်တာကိုးဗျနော့်..
…………..
..စကားလုံးတွေက..နာကျင်စေလွန်းပါတယ်….
တော်တယ်ဗျာ ..ထိမိအောင်ရေးနိုင်လွန်းတယ်..
အားပေးနေလေးစားလျှက်ပါ
Comment #4
hote pa,,pyaw pyit like,,,
a yan mike de,,
yin bat par de bya,
haw d khan sar tat de yin bat par de bya,,,
Comment #5
ထောင်တန်အသစ်လေးတွေကိုင်နိုင်တယ်ဆိုတော့ ကိုမိုးထက်အောင်က တယ်ထောတယ်ထင်ပါ့
ကျွန်တော်တို့ကတော့ အစိမ်းဘဲကိုင်တယ်ဗျ သိလား မကြာခင် ဒီပါးစပ်ဝဲပေါက်ပါတော့မည်
နောက်တာပါဗျာ စိတ်မရှိနဲ့နော်
ကဗျာက အရေးအသားဘာညာသာဒကာတော့မပြောတော့ဘူးဗျ
ကလောင်ကိုင်တဲ့လက်တွေထဲမှာ ဒီလက်ကတော်တော်လေးထက်တယ်ဆိုတာ အစောကြီးကတည်းကသိပြီးဖြစ်ပါကြောင်း
အရေးအသားကိုအားပေးသွားပါကြောင်း ။
Comment #6
ပြောချင်တဲ့စကားလုံးတွေလည်း တယ်လည်းထိတယ်ဗျာ…
အရေးသားတွေလည်း…ကောင်း…..
တစ်ပုဒ်လုံးကြိုက်တယ်ဗျ…..
Comment #7
ကဗျာရေးတဲ့ဟောဒီ့လက်ကိုရဲရဲတွဲ
ဒါ……ငါ့ချစ်သူပါလို့  ခင်ဗျားပြောခဲ့ဖူးသလား
(ထပ်မေးဦးမယ်.…..)
ပြော….ရဲ….ခဲ့…..ဖူး…..သလား
Comment #8
ထောင်တန်အသစ်လေးတွေနဲ့ လက်သည်းကြားကဂျီးလေးတွေခွာပြနိုင်ပါတယ်ဗျာ
(ဆက်လုပ်ပါ…….)
အနီးကပ်ရိုက်ချိုးခံလိုက်ရတဲ့ရင်ဘတ်နဲ့ 
ရိုးကျိုးစွာနဲ့ ပဲကျုပ်အိမ်ပြန်ခဲ့ပါတယ်……..
(ပြဿဒါးနိမိတ်နဲ့ ………)
ကျွန်တော့်ကဗျာလေးတွေ တိတ်ဆိတ်နေခဲ့တာ
တော် တော် လေး ကြာ နေ ခဲ့ ပါ ပြီ ဗျာ……..။
အကြိုက်ဆုံး စကားလုံးလေးတွေပဲ ကိုမိုထက်ရေ……။
Comment #9
ကျွန်တော့်ကဗျာလေးတွေကို အားပေးတဲ့သူငယ်ချင်းအားလုံးကို
အမြဲတမ်းခင်မင်လေးစားလျှက်………
မိုးထက်အောင်
Comment #10
ပတ်ဝန်းကျင်အကောင်းစားကြီးကိုတပ်မက်
သူငယ်ချင်းအကောင်းစားကြီးတွေနဲ့ ဖုန်းဆက်တမ်းဆော့စမ်းပါ
ရေပြင်အစပ်ကခုံမှာ ဘေးထွက်ပြီးထိုင်ပေးခဲ့တာ
(ခင်ဗျားမသိတာလား……)
မသိချင်ယောင်ဆောင်နေခဲ့တာလား ….ကိုမိုးထက်အောင်ရေ…အားပေးသွားပါတယ်ဗျာ….ရင်ထဲနင့်နင့်နဲနဲထိသွားပါတယ်…
Comment #11
ကိုကြီး ကျန်တော်ကဗျာ…နောက်ဆုံးတင်ထားတာကိုဖတ်ပေးအုံး…..နော်…….
Comment #12
သိပ်ကောင်းတဲ့ကဗျာ..နောက်တခါ ရင်ထက် နာ ကျင် သွားရပါကြောင်း
Comment #13
တိတ်ဆိတ်နေတဲ့ ကဗျာလေးကို တိတ်တိတ်ဆိတ်ဆိတ်လေးပဲ လာအားပေးသွားတယ်ဗျိုးး
~ Kk ~
Comment #1
ရင်ထဲမှာတစ်မျိုးကြီးကို ဖြစ်သွားတာဘဲ……..
မိုက်တယ်……..