မေ့လျော့နေသောညီမျှခြင်း
့ပုစ္ဆာတိုင်းကို အဖြေတစ်ခုထွက်ဖို့ ကြားခံနယ် ညီမျှခြင်းလိုတယ်..
ကျောင်းတော်ကြီးကသင်ပေးလိုက်တဲ့သင်္ချာဗေဒ တိုင်းကိုတွက်ချက်တဲ့ခါ
ညီမျှခြင်းခံပီးအဖြေမှန်ချပြခဲ့ရတယ်။ အဖြေတွေကတော့ ကွက်တိပဲ ။
ဘ၀ကျောင်းတော်ကြီးကိုတက်ရောက်ခဲ့ရတော့လဲ …
ငါတို့ပုစ္ဆာတိုင်းကို ညီမျှခြင်းနဲ့ချိန်ပြခဲ့ရတယ်… အဖြေတွေလဲ မှန်တချက်၊ မမှန်တချက်နဲ့ ။
နင်နဲ့ ငါ လဲ မတူညီတဲ့ ၊ ခြားနားခြင်းများစွာထဲက
ပေါင်းစပ်ဖို့ တွက်ချက်နေတာအကြိမ်ကြိမ် ၊ စာမျက်နှာပေါင်းများစွာပေါ်မှာ
ဖျက်လိုက်၊ ခြစ်လိုက် အမှားပေါင်း များစွာနဲ့ပေါ့ ….
အဖြေမှန်ဖို့ ငါတို့ ရဲ့ချစ်ခြင်းတွေကို ပုစ္ဆာ ချတွက်ရင်း အဖြေမှန်ကပျောက်ပျောက်လာတယ်..
မှင်ရည်တွေကျဲလာတယ်……… စာရွက်တွှေရှားပါးပစ္စည်းဖြစ်နေပီ………
အဖြေမထွက်ဘူး…………နှစ်ယောက်သားပေါင်းဖို့အရေး ငါတို့မေ့လျှော့စွာညီမျှခြင်းမထိုးခဲ့ကြဘူး …..
Comment #2

ကွက်တိ..heart ထိတယ်ဗျာ
Comment #4
ချစ်ခြင်းပုစ္ဆာတွေမှ မဟုတ်ပါဘူးမမေခရယ်
ဘယ်လိုပုစ္ဆာမျိုးမဆို အဖြေမှန်ဖို့ချတွက်ရင်း
အဖြေမှန်က ပျောက်ပျောက်လာခဲ့ပါတယ်
ချစ်ခင်လျှက် . . .
ကိုသျှား
Comment #5
နင်နဲ့ ငါ လဲ မတူညီတဲ့ ၊ ခြားနားခြင်းများစွာထဲက
ပေါင်းစပ်ဖို့ တွက်ချက်နေတာအကြိမ်ကြိမ် ၊ စာမျက်နှာပေါင်းများစွာပေါ်မှာ
ဖျက်လိုက်၊ ခြစ်လိုက် အမှားပေါင်း များစွာနဲ့ပေါ့ ….
အဖြေမှန်ဖို့ ငါတို့ ရဲ့ချစ်ခြင်းတွေကို ပုစ္ဆာ ချတွက်ရင်း အဖြေမှန်ကပျောက်ပျောက်လာတယ်..
မှင်ရည်တွေကျဲလာတယ်……… စာရွက်တွှေရှားပါးပစ္စည်းဖြစ်နေပီ………
အဖြေမထွက်ဘူး…………နှစ်ယောက်သားပေါင်းဖို့အရေး ငါတို့မေ့လျှော့စွာညီမျှခြင်းမထိုးခဲ့ကြဘူး …..
ကျွန်တော့်ကို ဒတ်ခနဲ ထိသွားတယ် မမေခ 😀
Comment #6
အလုံးတွေကတော့ လိုက်လို့မမှီအောင်ကိုလှတယ်မမေခရေ
အားပေးသွားတယ် ။
Comment #8
သြော်…ငါ့အမရယ်…ဘယ်လိုစကားလုံးမျိုးနဲ့ပြောပြရမှန်းတောင်မသိတော့ဘူး..ကဗျာဖတ်ပြီးတော့
ထပ်တူခံစားသွားပါတယ်…အမ
Comment #9
နင်နဲ့ ငါ လဲ မတူညီတဲ့ ၊ ခြားနားခြင်းများစွာထဲက
ပေါင်းစပ်ဖို့ တွက်ချက်နေတာအကြိမ်ကြိမ် ၊ စာမျက်နှာပေါင်းများစွာပေါ်မှာ
ဖျက်လိုက်၊ ခြစ်လိုက် အမှားပေါင်း များစွာနဲ့ပေါ့ ….
အဖြေမှန်ဖို့ ငါတို့ ရဲ့ချစ်ခြင်းတွေကို ပုစ္ဆာ ချတွက်ရင်း အဖြေမှန်ကပျောက်ပျောက်လာတယ်..
မိုက်တယ်နော်
Comment #10
ဝင်ရောက်ဖတ်ရှုအားပေးတဲ့ကဗျာချစ်သူမောင်နှတွေကို အထူးပဲကျေးဇူးတင်ပါတယ်နော်…..
Comment #11
အားပေးသွားတယ်………..
ဖတ်ပီးဘာပြောရမှန်းတောင်မသိအောင်စွံအသွားပါတယ်…
နောက်တခါမမေ့ပါနဲ့…….. 😛
Comment #1
ဘ၀ကျောင်းတော်ကြီးကိုတက်ရောက်ခဲ့ရတော့လဲ …
ငါတို့ပုစ္ဆာတိုင်းကို ညီမျှခြင်းနဲ့ချိန်ပြခဲ့ရတယ်… အဖြေတွေလဲ မှန်တချက်၊ မမှန်တချက်နဲ့ ။
အမှန်ပဲ မေခရယ်…