စု
အောင်မြင်သူတွေဖြစ်ဖို့ စု ထားကြ
ဆန်းသစ်တီထွင်သူတွေဖြစ်ဖို့ စု ထားကြ
စုစည်း ညီညွတ်ဖို့ လက်တွေ စု ထားကြ
ကြည်လင် အေးမြတဲ့ ရေကိုသုံးဆောင်ဖို့ စု ထားကြ၊
အောင်မြင်နေ (ခဲ့) သူတွေဟာ သူ့နည်း သူ့ဟန်နဲ့ စုနေ (ခဲ့) ကြသူတွေဖြစ်တယ်
မြင်ခြင်း မမြင်ခြင်းကတော့ ကြည့်သူရဲ့ မျက်လုံးပေါ်မှာပဲ တည်တယ်
ပါစေ နာစေ သာစေ ဆိုတဲ့ အယူသည်းမှု့တွေ မရှိကြေး
စေ တလုံး ပိုင်ရှင်တွေဖြစ်ဖို့ (ဒီကဗျာ ဖတ်ပြီးကတည်းက) စုသာ ထားကြ။ ။
ဧဏီမင်း
17.02.2012
Comment #2
အပြီးအပြင်စုပြီဗျို့….

Comment #3
မင်ခြင်း မမြင်ခြင်းကတော့ ကြည့်သူရဲ့ မျက်လုံးပေါ်မှာပဲ တည်တယ်
ပါစေ နာစေ သာစေ ဆိုတဲ့ အယူသည်းမှု့တွေ မရှိကြေး

Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
ခင်ဗျားတောင်းပေးတဲ့ဆုတောင်းကို သူကျေနပ်မယ်ထင်ပါတယ် ။