……… ရွံ ရှာ ခြင်း ………. ( sharon )
ပုပ်အဲ့  အသည်းနဲ့ 
စေတန်မ တကောင် ရဲ့  ခြေခတ်ပြကွက်က
ကျိန်ခြင်း အမင်္ဂလာတွေ ထပ်ထပ်ထုပ်ပိုး
အချိန်မတန်ပဲ သမ်းဝေပြနေပြန်ပြီ
ဖောက်လေ ကြမ်းလေ
ဒီလမ်းကိုအချစ် လို့  ခေါ် မယ်
ဖွင့် ဆိုမှုမဟန်
စိရင်ခြင်းဆန်တဲ့ မော့သောက်ခြင်းမှာ
အရွယ်လွန် အိပ်မက်ချိုတွေ ပါချင်ပါ မပေါ့
ကောင်းကောင်း မမှတ်မိတော့ ဘူးး
ငါ ငိုနေခဲ့ တာ
မနေ့ က လားး ကနေ့ ညလားး လွန် ခဲ့ သော ကာလ တခုခုမှာလေလားးးး
အရာရာပြောင်းလဲ နေတယ်
ပြောင်းလဲ နေတာတွေကြားမှာ မပြောင်းမလဲ
ငါ့ရင်ဘတ်မှာ
အသုံးမကျလှတဲ့  လမ်းပျောက်ခြင်းအချစ် နေထိုင်တယ်
အိပ်မက်တချို့ မှာ သွေးအလိမ်းလိမ်း
ဒီဒဏ်ရာမှာ ပျော်မှတော့ ဒီဒဏ်ရာကို ယုယရုံပေါ့
အနားသတ်တွေ အဆိပ်ပြင်းလွန်းပါတယ်
မတော်တဆမဟုတ်ဘူးး
ရည်ရွယ် လို့ လဲမဟုတ်ပါဘူးး
သို့ သော်
ငါ့မိုးငတ်လွင်ပြင်ကို ငါ ခြောက်သွေ့ မိပြန်တယ်
အသက်ရှူတတ်တဲ့ စကားလုံးတွေကို
အသက် မဲ့ တဲ့ နှလုံးသားတွေကို
နံဟောင်နေတဲ့  လူ ယဉ်ကျေး တချို့  ဈေးကောင်းပေးဝယ်တယ်
အဲမှာပေါ့ ( အဲဒီမှာပေါ့ )
အခိုက်အတန့် လေးဆိုတာကိုက တစ်ဘ၀စာ
ငါ..ရေးမချခင် ဘ၀တခုဖြစ်ထွန်းနေလောက်ပြီ
လောင်မြိုက်မှုပန်းချီ လားး
အခိုက်အတန့် လေး ဝေး
ဆံပင်တွေရှည်လာပြီ
မာနတွေ အရောင်ရင့်လာခဲ့ ပြီ
ကျစ်ဆံမြီးကျစ်ပါ
ဒီနေ့  ည ဖြစ်ချင်ဖြစ်မယ်
မနေ့ ညက ဖြစ်ချင်ဖြစ်မယ်
ကိုယ့် ကိုယ် ကို အသုဘချပစ် လိုက်တယ်
** တစ်စုံ တစ်ဦးအတွက် ရည်ရွယ် တယ် **
** ကျနော့်ကိုယ်ကျနော် ရွံ ရှာနေမိတယ် **
sharon …. 18.2.2012 ( 1:05 am )
Comment #2
love the way you write sis….. well done !!!!
….
😀
Comment #3
အိုးအို…….အရေးအသားတွေကတော့.အမိုက်စားတွေပဲ…
Comment #4
အရာရာပြောင်းလဲ နေတယ်
ပြောင်းလဲ နေတာတွေကြားမှာ မပြောင်းမလဲ
ငါ့ရင်ဘတ်မှာ
အသုံးမကျလှတဲ့  လမ်းပျောက်ခြင်းအချစ် နေထိုင်တယ်
Comment #5
ဖောက်လေ ကြမ်းလေ
ဒီလမ်းကိုအချစ် လို့  ခေါ် မယ်
ကောင်းကောင်း မမှတ်မိတော့ ဘူးး
ငါ ငိုနေခဲ့ တာ
မနေ့ က လားး ကနေ့ ညလားး လွန် ခဲ့ သော ကာလ တခုခုမှာလေလားးးး
အရာရာပြောင်းလဲ နေတယ်
ပြောင်းလဲ နေတာတွေကြားမှာ မပြောင်းမလဲ
ငါ့ရင်ဘတ်မှာ
အသုံးမကျလှတဲ့  လမ်းပျောက်ခြင်းအချစ် နေထိုင်တယ်
ဒီနေ့  ည ဖြစ်ချင်ဖြစ်မယ်
မနေ့ ညက ဖြစ်ချင်ဖြစ်မယ်
ကိုယ့် ကိုယ် ကို အသုဘချပစ် လိုက်တယ်
** ကျနော့်ကိုယ်ကျနော် ရွံ ရှာနေမိတယ် **
:'(
Comment #7
အိပ်မက်တချို့ မှာ သွေးအလိမ်းလိမ်း
ဒီဒဏ်ရာမှာ ပျော်မှတော့ ဒီဒဏ်ရာကို ယုယရုံပေါ့
အနားသတ်တွေ အဆိပ်ပြင်းလွန်းပါတယ် ….
တစ်ပုဒ်လုံးကြိုက်တယ် …
အဲ့နားလေး အတော်မိုက်တယ် …
Comment #10
ဆရာမ အားပေးနေတယ်နော်..မျည်ရည်တွေနဲ့…ဟူးးးးးးးးးးးးးး
Comment #11
မျက်ရည်တွေ နဲ့ အားပေးနေတာဆိုတော့ …
ဟူးးးးး
ဘာပဲပြောပြောကျေးဇူးတင်ပါတယ်ဗျာ
Comment #1
အဟိုးးးးးးးးးးးးးးးးးးးးးးးးးးး တန်းရေးတန်းတင်ပေါ့ မိုက်တယ်ဗျာ
ကဗျာကစကားလုံးတွေက ထိမိ ပြတ်သား
ဒေါ်ရှရွန့်အတွေးအခေါ်က စူးရှ ဆန်းကြယ် ကယ်ဒီလောက်ဘဲပြောမယ် ငိုက်ရင်းရိုက်နေလို့ ။