“မြို့ရိုး” (နေညို)
တစ်ခါတစ်လေ
လောကကြီးကို ခေါင်းမော့ပြချင်ယုံကလွဲလို့
အရာရာ ဦးကျိုးသိမ်မွေ့ပြီးသားကောင်ပါ။
ပတ်ဝန်းကျင်မှတ်တမ်းတစ်ချို့မှာလဲ
ပျက်ကွက်ခြင်းဒဏ်ရာတွေပဲများခဲ့ရတယ်။
နောင်တတွေလက်ဖြန့်မတောင်းပါဘူး
ရင်ဘတ်ချင်းမနီးသမျှ
လက်တွေ့ကျပြရမှန်းသိပါတယ်။
ခေါင်းငုံ့ဖြစ်ခဲ့ပါတယ်
ထူးထူးခြားခြားမဟုတ်လို့
ထူးထူးဆန်းဆန်းမဖြစ်ခဲ့ပါဘူး
ကျောခိုင်းခဲ့ရတာတော့
ရင် ဘတ်ထဲက… နာတယ်။
ဧဒင်တမ်းချင်းထဲမှာ
အာဒံ ဧ၀အစား
အမေ့ခံသစ်သီးတစ်လုံးကိုပဲ
ကျွန်တော်လွမ်းတယ် ။
သူလဲ ခြွေခူးခံခဲ့ရသလို
ကျွန်တော်လဲ ကြေကွဲ ခံခဲ့ရဖူးတယ်။
ရင်ဘတ်က တစ်မျက်နှာစာမို့
ကျွန်တော့်ကိုယ်ရေးသမိုင်းမှာ
တမ်းတခြင်းတွေပဲများခဲ့ရတယ်
တကယ်ပါ…
နှလုံးသားဆိုတာ အကြီးမြတ်ဆုံး “သေကွင်း “ဖြစ်လို့
ကျွန်တော်ဒီလိုမရှုံးပါရစေနဲ့။
အချစ်ရေ…
အလွမ်းတွေမပျိုးခင် ကိုယ့်ကိုနှိုးပါ
ပြုံးပြကြယုံပဲဆိုပေမယ့်
ဒါပဲ တတ်နိုင်တာမို့ပါ။
မျက်လုံးတွေမှိတ်လိုက်ကြစို့
ခုချိန်မှာ…
“ကိုယ်တို့တွေ လုံးဝမသက်ဆိုင်တော့ပါကြောင်း”
အလတ်ဆတ်ဆုံးဂုဏ်ပြုလိုက်ရအောင်။
အလွမ်းတွေအခိုင်အမာ တည်ဆောက်ထားတဲ့
မြို့ရိုးတစ်ခုပါ…
ကြယ်ကြွေကောက်တဲ့လူတွေေ၇ာက်သလို
ရင်ဘတ်တစ်ခြမ်းနဲ့လူတွေလဲ လျှောက်ကြတယ်
အခု…
ကောင်းကင်ဆီလက်ဖြန့်ထားတဲ့ကောင်လေးတစ်ယောက်
အိမ်မက်တစ်ချို့နဲ့ရောက်ခဲ့ပြီ….။ ။
နေညို
Comment #2
အချစ်ရေ…
အလွမ်းတွေမပျိုးခင် ကိုယ့်ကိုနှိုးပါ
ပြုံးပြကြယုံပဲဆိုပေမယ့်
ဒါပဲ တတ်နိုင်တာမို့ပါ။
မျက်လုံးတွေမှိတ်လိုက်ကြစို့
ခုချိန်မှာ…
“ကိုယ်တို့တွေ လုံးဝမသက်ဆိုင်တော့ပါကြောင်း”
အလတ်ဆတ်ဆုံးဂုဏ်ပြုလိုက်ရအောင်။
အလွမ်းတွေအခိုင်အမာ တည်ဆောက်ထားတဲ့
မြို့ရိုးတစ်ခုပါ…
ကြယ်ကြွေကောက်တဲ့လူတွေေ၇ာက်သလို
ရင်ဘတ်တစ်ခြမ်းနဲ့လူတွေလဲ လျှောက်ကြတယ်
အခု…
ကောင်းကင်ဆီလက်ဖြန့်ထားတဲ့ကောင်လေးတစ်ယောက်
အိမ်မက်တစ်ချို့နဲ့ရောက်ခဲ့ပြီ….။ ။ ကဗျာဖတ်ပြီး နင့် နေအောင် ခံစားရတယ် :'(
Comment #1
ကိုနေညိုရဲ့ တိမ်လိုပြိုမတတ်
ခံစားချက်တွေကို အားပေးသွားပါတယ်