လွတ်ကျသွားတဲ့ အိမ်မက်…(နေညို)
အတွေးအခေါ်တွေ
တော်တော်ဆူးမိမှ
ကိုယ်ဟာ အတော် ရူးခဲ့မှန်းသိပေါ့
အပြန်ခရီးမှာ
အပြုံးလွင့်လွင့်တွေ
ပွင့်တသက်သက် ဝေခဲ့တယ်…။
မေးစရာမလိုလောက်အောင်
ရင်ဘတ်တစ်ခြမ်းနဲ့
ခုန်ပေါက် ဖြစ်ခဲ့တဲ့ကောင်ပါ
ဓားသွားတွေပွင့်မယ့်ကာလမှာ
ဆယ့်နှစ်ရာသီလုံးလုံး
ကိုယ်ဟာအတုံးအရုံး ထစ်ချုန်းခဲ့ရတယ်။
ကိုယ်အမှောင်တစ်ပြမှာ
မီးတစ်ရောင်ပဲပြပါချစ်သူ
ဘယ်လိုဝိဥာည်တွေဆီးဆီး
စိတ်ကူး ကြီးကြီး တွေခင်းပြီး ရောက်အောင်လာမယ်
ပွင့်ဦးပန်းတွေနဲ့ မကြိုရင်နေပါ
ကြုံရင်…
ကောင်းကင်က နွေဥတုကို
ကိုယ်ဝင်ခူးခဲ့ပေးမယ်။
ရွှေစင်အတိမပြီးပါဘူး
အိမ်မက်ကိုယ်ရုံနဲ့တင်
မျှော်လင့်ချက်အကုန်လုံး ခြုံခဲ့ရတာပါ
တစ်ခါတုန်းက သိုးထိန်းတွေရဲ့ ဒဏ္ဍာရီမှာလဲ
သူတို့ ချစ်သူအကြောင်းတွေပါကောင်းလောက်ရဲ့
ကဲ ဘယ်လိုဖြစ်ဖြစ်
တိတ်တဆိတ်ပွင့်မယ့်နွေဦးမှာ
ကိုယ်တို့ ပိတောက်ဖူးလေးတွေပဲ ဖြစ်လိုက်ရအောင်….။ ။
နေညို
Comment #3
မေးစရာမလိုလောက်အောင်
ရင်ဘတ်တစ်ခြမ်းနဲ့
ခုန်ပေါက် ဖြစ်ခဲ့တဲ့ကောင်ပါ
ဓားသွားတွေပွင့်မယ့်ကာလမှာ
ဆယ့်နှစ်ရာသီလုံးလုံး
ကိုယ်ဟာအတုံးအရုံး ထစ်ချုန်းခဲ့ရတယ်။
ကဗျာလေးအရမ်းကြိုက်တယ်ဗျာ
Comment #4
ကိုယ်အမှောင်တစ်ပြမှာ
မီးတစ်ရောင်ပဲပြပါချစ်သူ
ဘယ်လိုဝိဥာည်တွေဆီးဆီး
စိတ်ကူး ကြီးကြီး တွေခင်းပြီး ရောက်အောင်လာမယ်
ပွင့်ဦးပန်းတွေနဲ့ မကြိုရင်နေပါ
ကြုံရင်…
ကောင်းကင်က နွေဥတုကို
ကိုယ်ဝင်ခူးခဲ့ပေးမယ်။
Comment #5
ထပ်ခါ ထပ် ခါ ထပ် ခါ
Comment #6
ကိုယ်အမှောင်တစ်ပြမှာ
မီးတစ်ရောင်ပဲပြပါချစ်သူ
ဘယ်လိုဝိဥာည်တွေဆီးဆီး
စိတ်ကူး ကြီးကြီး တွေခင်းပြီး ရောက်အောင်လာမယ်
ပွင့်ဦးပန်းတွေနဲ့ မကြိုရင်နေပါ
ကြုံရင်…
ကောင်းကင်က နွေဥတုကို
ကိုယ်ဝင်ခူးခဲ့ပေးမယ်။
Comment #1
တိတ်တဆိတ်ပွင့်မယ့်နွေဦးမှာ
ကိုယ်တို့ ပိတောက်ဖူးလေးတွေပဲ ဖြစ်လိုက်ရအောင်….။ ။ ကဗျာ ဖတ်ခွင့် ရလို့ ကျေးဇူးမောင်လေးး
နွေရာသီကိုကြိုပြီးလွမ်းသွားးရတယ်ကွာာ