ရင်ဘက်ဖွင့် ခြင်း (၂)
အလွမ်း တချို့ 
မနေ့ က ညစ်ပတ်ထားခဲ့ တဲ့  အခါ
ဒီနေ့ မနက် မှာဘဲ….သန့် ရှင်းပစ်လိုက်တယ်..
လတ်လတ်ဆက်ဆက် အလွမ်းပေါ့ ..။
ခရီးဦးကြို လိုက်တဲ့  သဘောပါ..
ရာသီ အဝေးကြီးက လာခဲ့ ရလို့  မောလှပေါ့ 
ခဏနား…
ရင်ဘက် ခိုလှုံ အိပ်စက်လေ….
ဒဏ်ရာအစ မျက်ရည်တွေ အဆုံး …
လမ်းဖွင့် ပေးထားခဲ့ မယ်..။
ကြုံမှကြုံခဲ့  လေတယ်
မျက်စိ တဆုံး မျှော်ကြည့် လိုက်ရင်း
တိမ်တွေ ညိုလောက်ပြီ…
သက်ပြင်းတချက် ချလိုက်မိ..။
ငါက ရင်ဘက်ပွင့် နေတဲ့ လူပေါ့ 
ကိုယ့်ကိုကိုယ် ဖြေသိမ့် ခဲ့ မိတာကိုက..
ခရီးတွေ မဆုံးသလောက်…
လွမ်းစရာ…..။
၁၉ရက်ဖေဖော်ဝါရီ၂၀၁၂…(နေဝန်း)
Comment #4
ခရီးဦးကြို လိုက်တဲ့  သဘောပါ..
ရာသီ အဝေးကြီးက လာခဲ့ ရလို့  မောလှပေါ့ 
ခဏနား…
ရင်ဘက် ခိုလှုံ အိပ်စက်လေ….
ဒဏ်ရာအစ မျက်ရည်တွေ အဆုံး …
လမ်းဖွင့် ပေးထားခဲ့ မယ်..။
By: zawthetoo at Feb 29, 2012
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
နောက်ဆုံးအပိုဒ်လေးကိုပိုကြိုက်တယ်ဗျ..