ခင်တန်းငယ်-ရွှေကြယ်မိုး
/* Style Definitions */
table.MsoNormalTable
{mso-style-name:”Table Normal”;
mso-tstyle-rowband-size:0;
mso-tstyle-colband-size:0;
mso-style-noshow:yes;
mso-style-priority:99;
mso-style-qformat:yes;
mso-style-parent:””;
mso-padding-alt:0in 5.4pt 0in 5.4pt;
mso-para-margin-top:0in;
mso-para-margin-right:0in;
mso-para-margin-bottom:10.0pt;
mso-para-margin-left:0in;
line-height:115%;
mso-pagination:widow-orphan;
font-size:11.0pt;
font-family:”Calibri”,”sans-serif”;
mso-ascii-font-family:Calibri;
mso-ascii-theme-font:minor-latin;
mso-fareast-font-family:”Times New Roman”;
mso-fareast-theme-font:minor-fareast;
mso-hansi-font-family:Calibri;
mso-hansi-theme-font:minor-latin;}
အရမ်းမှန်ခဲ့တယ်
ငါ့ရဲ့ခင်တန်းငယ်…
ကုန်းမြောင်တွေ အထပ်ထပ်ကို ဖြတ်လို့
စမ်းချောင်းတွေ အသွယ်သွယ် ကိုစီးလို့
ခင်တန်းငယ်လေး…
ယုန်မထောင်ပဲ ယုန်မိတဲ့ ခင်တန်းငယ်လေး
တိမ်တွေကို ခေါင်းမထောင်ပဲနဲ့တောင် တွေ့ခဲ့တယ်
ရင်ဘတ်ကို အလျားလိုက် ၀ပ်လို့…
မျှော်လင့်ချက်ကို ဖားလျားချထားလို့…
သူ့လက်အစုံမှာ အံကြိတ်ထားတဲ့ အပြုံးတွေနဲ့
ဆီဆမ်းထားတဲ့ ထမင်းမှာ ပဲပြုတ်မပါတာက လွဲလို့
မနက်ခင်းဟာ ချိုမြိန်ခဲ့ပါတယ်…
(မနက်ဖြန်ဟာလည်း ဒီလိုပဲပေါ့…)
မီးသင့်ခံရမှာလောက် ကြောက်ဖို့ကောင်းတာ မရှိတော့ဘူး
ခင်တန်းငယ်ရဲ့ဘယ်ဘက်မျက်လုံးမှာ ပိတ်လှောင်ကန့်သတ်ခံရတဲ့
စမ်းချောင်းငယ်က တွဲလဲခိုလို့…
အို…ခင်တန်းငယ်
ငါတို့ရဲ့ ကုန်းမြေလေးဟာ တောင်ဂတုံး ဖြစ်သွားတာက လွဲလို့…
ငါတို့ မှန်ခဲ့ပါတယ်…
မှန်ခဲ့ကြပါရဲ့ကွယ်…
ရွှေကြယ်မိုး
(21.2.2012 8း12PM)
မိတ်ဆွေတို့အတွက် နေရာတစ်နေရာလောက် ညွှန်ပြချင်ပါတယ်
ကဗျာတွေပဲရှိတဲ့နေရာလေးပေါ့ဗျာ…ရောက်ဖူးသူတိုင်း နှစ်သက်ကြပါတယ်
www.poemyae.blogspot.com တဲ့ အရမ်းကို နှစ်သက်စရာနေရာလေးပါ
ကဗျာတွေကိုတူးပါ ဖတ်ပါ ချစ်ပါ ယူပါ
Comment #2
ခင်တန်းငယ်ရဲ့ဘယ်ဘက်မျက်လုံးမှာ ပိတ်လှောင်ကန့်သတ်ခံရတဲ့
စမ်းချောင်းငယ်က တွဲလဲခိုလို့…
အို…ခင်တန်းငယ်
ငါတို့ရဲ့ ကုန်းမြေလေးဟာ တောင်ဂတုံး ဖြစ်သွားတာက လွဲလို့…
ငါတို့ မှန်ခဲ့ပါတယ်…
မှန်ခဲ့ကြပါရဲ့ကွယ်…
နှစ်သက်စွာအားပေးသွားပါတယ်
Comment #3
အကို..ကဗျာပုံစံလေးက…ချစ်စ၇ာလေးဗျ…
Comment #1
ယုန်မထောင်ပဲ ယုန်မိတဲ့ ခင်တန်းငယ်လေး
တိမ်တွေကို ခေါင်းမထောင်ပဲနဲ့တောင် တွေ့ခဲ့တယ်
ရင်ဘတ်ကို အလျားလိုက် ၀ပ်လို့…
မျှော်လင့်ချက်ကို ဖားလျားချထားလို့…
သူ့လက်အစုံမှာ အံကြိတ်ထားတဲ့ အပြုံးတွေနဲ့
ဆီဆမ်းထားတဲ့ ထမင်းမှာ ပဲပြုတ်မပါတာက လွဲလို့
မနက်ခင်းဟာ ချိုမြိန်ခဲ့ပါတယ်…