ကျွန်တော်၏ “ကဗျာ” များ
“ တို့လူငယ် ”
သန်စွမ်းဖျတ်လတ် ၊ အားတစ်စက် အမြဲရှိပါစေ
ပညာ လုံ့လ ၀ိရိယ ၊ အမြဲအဆင်သင့်ရှိနေပါစေ
တီထွင်ကြံစ အညီအမျှ ၊ ခေတ်နဲ့အညီလိုက်ပါလေ
ကြင်နာ သနား မုဒိတာပွား ၊ နှလုံးသားတခါးအမြဲဖွင့်ထား
ရိုသေ လေးစား စိတ်ဓာတ်များ ၊ မပျောက်မပျက်ရှိပါစေ
ကူညီ သဒ္ဒါ စေတနာ ၊ ဘဝသက်ဆုံးတိုင်အောင်လေ
အခြေနေ အချိန်ခါ ဒီနှစ်ဖြာ ၊ အကြိုးရှိရှိသုံးပါလေ
ယနေ့လူငယ်နောင်ဝယ်လူကြီး ဆိုရိုးစကား ၊ အလကားထားခြဲ့ခင်းမျိုး မဟုတ်ပေ
ဖတ်ပါ မှတ်ပါ လေ့လာပါ ၊ လူငယ်အပေါင်းတို့ရေ……..
သူတော်
“ ကြိုးစားကြပါစို့”
တို့တတွေအား တို့တွေမှာသာရှိတယ်
တို့တတွေနား တို့တွေမှာသာကြားတယ်
တို့တတွေမျက်လုံး အမှန်ကိုသာမြင်နိုင်ပါစေ။
ကိုယ်ထူ ကိုယ်ထ ကိုယ်ကမှမလုပ် ဘာမဟုတ် ဘယ်သူ့မှာတာဝန်ရှိသနည်း?
ကိုယ်လုပ်မှ ကိုယ်ရ ကိုယ့်မှာသာတာဝန်ရှိသည်။
ထလော့မြန်မာ အိုမြန်မာတို့….
ပြည်မြန်မာ ကြည်သာစေဖို့ တို့တတွေ ညီညာစွာ ကြိုးစားကြပါစို့…….
သူတော်
“ ကဗျာ ”
တောနဲ့တောင်ဆွယ် အသွယ်သွယ် ညွှန်းဆိုဖွဲ့တာ “ကဗျာ”
ကိုယ့်ပြည် ကိုယ့်မြေ ကိုယ့်အဆွေ ချစ်စေချင်တာ “ကဗျာ”
လိမ်မာ ယဉ်ကျေး လူတော်လေး ဖြစ်စေဖို့ရာ “ကဗျာ”
ချစ်ရေး ချစ်ရာ ဤလူ့ရွာ ခြားခံနယ်ဟာ “ကဗျာ”
ရိုသေ လေးစား ဆုံးမစကား အတွင်တွင်သုံးတာ “ကဗျာ”
စိတ်ချမ်းမြေ့ရာ အားတတ်စရာ ခံစားပေးတာ “ကဗျာ”
ကဗျာ…..ကဗျာ…လိုရာသုံးပါလေ…..
သူတော်(ခေတ္တ ဤလူ့ရွာ)
“ ချစ်သက်ဝေ ”
မေ..ရင်ခွင်အေးချမ်း ဘဝလမ်းကို အတူလျှောက်လှမ်းပါစို့ကွယ်
မမှီတဲ့ပန်း တုန်းခုလှမ်သလိုဖြစ်များဖြစ်နေမလားလေ
ပင်ပန်းဆင်းရဲ မောင့်ဘဝထဲကိုမင်းလေးလိုက်နိုင်ပါစမေ
အချစ်စွမ်းအား ဘယ်လောက်များပါစေ ဆင်းရဲဒုက္ခဒဏ်ကိုများ ကြာကြာခံနိုင်ပါစမေ
ဒီလိုဘဝမျိုးဖြစ်ခဲ့ရင်များ မောင့်ကိုနားလည်ခွင့်လွှတ်နိုင်ပါစေချစ်သက်ဝေ………
သူတော်
“ လမ်းကလေး ”
လှပနေသော လမ်းကလေး
မျက်နှာစမ်း လူများနဲ့အကြွမ်းတဝင်
နေထိုင်ခဲ့ကြသည်……
သူ့ကိုမည်သို့ ပြုလုပ်မည်ကိုပင်သူမသိ
အများကောင်စေဖို့ သူ့ကိုယ်ကိုပင်ချခင်ရက်ရှာရဲ့
သနားစရာပါလာနော်…..
ကောင်းသည် ဆိုးသည်ကိုပင်ပြောခွင့်မရှိ
တာဝန်ကျေးစေဖို့ ကမ္ဘာဆုံးတိုင်
ထမ်းရွက်ရမယ် လမ်းဆုံးတိုင်…….
သူတော်
ကျွန်တော့်ကဗျာများကို ခံစားပေးကြပါ
ဝေဖန်အကြံပြုချင်တာများရှိရင် ပေးနိုင်ပါတယ်…..
.ကျေးဇူးတင်ပါသည်။
သူတော် ခေတ္တဤလူ့ရွာ
Comment #2
arr pay twar par d,
Comment #4
good
Comment #1
ဖတ်သွားပါတယ်ခင်ဗျာ