ကောင်ကလေး နဲ့ ကောင်မလေး
ကောင်မလေးရယ်...
ငါနင့်ကိုအရိုးသားဆုံး ချစ်ခဲ့တာပါ…
ရိုးသားမှူကိုနာကျင်အောင်တော့ မလုပ်လိုက်ပါနဲ့…
နင်သေသေချာချာ စဉ်းစားပါ…
နင်ငါ့ကိုပြန်မချစ်လဲရပါတယ်…
ငါနောက်ဆုတ်ပေးပါ့မယ်…
ငါလိုချင်တာ နင့်ရဲ့အချစ်စစ် အချစ်မှန်ပါ…
နင်နားလည် သဘောပေါက်မှာပါ…
ဘယ်လိုပဲဖြစ်ဖြစ်ပါ…
ငါသည်းခံနိုင်သလောက်တော့ သည်း ခံပေးပါ့မယ်…
မခံနိုင်တဲ့တစ်နေ့ တော့ ငါထွက်သွားပါရစေ…
အဲဒီအချိန်ရောက်ရင် ငါ့ကို မတားပါနဲ့နော်
ချစ်တဲ့ကောင်ကလေး
—
ကောင်ကလေးရေ….
အရိုးသားဆုံးနင့်ကိုချစ်ခဲ့တာပါ
အဲလို ချစ်ခဲ့တဲ့အတွက်
ငါ့ကိုငါပဲနာကျင်ခဲ့ရတာပါ
ရှေ့တိုးပြီးသားခြေလှမ်းကနောက်ဆုတ်ဖို့ ခဲယဉ်းသလို
ချစ်ခဲ့ပြီးတဲ့ ငါ့အချစ်ကိုလဲပြန်ရုတ်သိမ်းဖို့ ခက်ခဲတယ်…
ဒါကငါ့ရဲ့ အချစ်စစ်ချစ်မှန်ပါ…
ဘာပဲဖြစ်ဖြစ်….
ရှေ့လဲဆက်မတိုးနဲ့ နောက်လဲမဆုတ်နဲ့…
ဒီအတိုင်းလမ်းခုလတ်မှာပဲ
တို့တွေရပ်နေရအောင်…
နင်ထွက်သွားဖို့ အတွက်
ငါ့ ခွင့်မပြုနိုင်လို့
ငါ့ဆီကနေ
နောက်တစ်ခါ ခွင့်မတောင်းပါနဲ့နော်…
ချစ်တဲ့ကောင်မလေး..
Comment #2
ပြောနဲ့တော့
Comment #4
ကောင်မလေးရယ်…
ငါနင့်ကိုအရိုးသားဆုံး ချစ်ခဲ့တာပါ…
ရိုးသားမှူကိုနာကျင်အောင်တော့ မလုပ်လိုက်ပါနဲ့…
နင်သေသေချာချာ စဉ်းစားပါ…
နင်ငါ့ကိုပြန်မချစ်လဲရပါတယ်…
Comment #1
eeeeeeeeeeeee
bar pyaw ya hman taung ti dot bu,,