“သုညတစ်ကောင်၏…ရင်ပြည့်အလွမ်း….”
မိုင်တွေဝေးလို့..မတွေ့ရတဲ့နောက်….
အလွမ်းတွေရင့်ပြီးတဖြုတ်ဖြုတ်ကြွေ…
အလွမ်းသစ်ပင်တွေပဲထပ်ပေါက်…
အလွမ်းဆိုတာ..ရင်ထဲမှာပြည့်လာတယ်..
တစ်မိုးအောက်ပဲဆိုတဲ့အသိလေးနဲ့တင်ကျေနပ်..
(တကယ်တော့..ငါ..)မနေတတ်ခဲ့ဘူး…
နင်…ငါ့ရောလွမ်းရဲ့လား…
ငါကလမင်းရဲ့ပန်း…
နင်နမ်းမှ…နင့်အတွက်ပဲပွင့်ချင်သူ..
လမိုက်ညတော့…ကောင်းကင်တောင်မော့မကြည့်..
ဆွေးဆွေးလေးလည်းလွမ်းတယ်…
အနောက်မှာ..သုညတိုးရုံနဲ့…
တစ်ထောင်ဖြစ်သွားတဲ့နင်နဲ့..
သုညပဲဖြစ်နေသေးတဲ့ငါ…
အခြေအနေကလွဲမှား..(ဒါပေမယ့်..)
ငါနင့်ကို…တယုတယ…ချစ်တယ်…
နင်မမြင်ရတဲ့ငါ့ရင်မို့…
အချစ်ကို..တဆိတ်ဈေးမဖြတ်ပါနဲ့…
နင်ယုံအောင်မပြောတတ်ဘူး….
ငါက..ကြွေလွင့်ရွက်…
မင်းခေါ်တဲ့လေနောက်တော့..
ငါအသက်ရှိသရွေ့လိုက်ဦးမယ်..
နင်မမြင်ချင်ရင်တော့အမှိုက်…
ငါ့ဘဝဆုံးထိမှောင်မိုက်လို့..
မှောင်ထဲကပဲဆက်ချစ်မယ်….
ကောင်းကင်မှာနင့်နက္ခတ်နဲ့မွေးတဲ့ကောင်….
နင်သဘောနင့်ဆန္ဒ…နင်နဲ့သာထပ်တူကျချင်လို့…
နင်ရယ်..တဖက်တော့မျက်နှာမလွှဲပါနဲ့…
ငါ့ကမ္ဘာပြိုလိမ့်မယ်…
ရူးရူးမူးမူးချစ်ခဲ့မိပြီးနောက်…
အနာဂတ်ကိုနင်နဲ့အတူပိုင်ဆိုင်ချင်တာ…
မခမ်းနားမကြီးကျယ်ပေမယ့်…
နင့်ကိုမမြင်မတွေ့ရလည်းချစ်တယ်..
ကဲ..နင်ရယ်ပြုံးပါတော့…
အမုန်းဆိုတာကို..ငါ့အတွက်ဝေးပေးပါ….(သက်တန့်ရောင်)
Comment #2
တပုဒ်လုံးကို ကျွန်တော်ကြိုက်ပါတယ်ခင်ဗျာ
….
နှစ်သက်မြတ်နိုးစွာအားပေးသွားပါတယ်…
Comment #3
အားပေးသွားသောကဗျာမောင်နှမများကိုကျေးဇူးတင်ပါတယ်ဗျာ..
Comment #4
မိုင်တွေဝေးလို့..မတွေ့ရတဲ့နောက်….
အလွမ်းတွေရင့်ပြီးတဖြုတ်ဖြုတ်ကြွေ…
အလွမ်းသစ်ပင်တွေပဲထပ်ပေါက်…
အလွမ်းဆိုတာ..ရင်ထဲမှာပြည့်လာတယ်..
Comment #6
အားပေးသွားတယ်နော်……..အရမ်းကို ကောင်းတယ်
Comment #1
harrrrrrrrrr
kwat ti be,,kwat ti be,,,
kyike de,,kyike de,,
kyay zu tin par de,,,